နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ မတ်လ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ဝဲကွဲကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ဝင်ရောက်စီးနင်းတာတွေပြုလုပ်ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မနက် ၆ နာရီလောက်မှာ ကျေးရွာအတွင်းကို သေနတ်တွေပစ်ဖောက်ဝင်ရောက်လာတာဖြစ်ပြီး တွေ့သမျှ ဒေသခံတွေကို ဖမ်းဆီးခဲ့သလို နေအိမ် အလုံး ၃၀ ကျောက်ကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မနက် ၆ နာရီလောက်က သေနတ်တွေဖောက်ပြီးဝင်လာတာ၊ ဒီရွာမှာ တခြားရွာက စစ်ဘေးရှောင်နေတဲ့ သူတွေတော့ရှိတယ်၊ အဲ့တာကြောင့် စစ်ရှောင် ၁၀၀ ကျော်လောက်ကိုလည်း ဖမ်းဆီးသွားတယ်၊ အိမ်က မနက်ပိုင်းမှာ ၁၀ လုံးရှို့တယ် ခုနေ့လည်ပိုင်းရောက်မှ ထပ်ပြီး အလုံး ၂၀ ရှို့တာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်အတွင်းက တုံရွာ၊ လက်ပံတောင်းနဲ့ ရွာသစ်ရွာဘက်ကို မီးရှို့ဖျက်စီး တာတွေပြုလုပ်တာကြောင့် စစ်ဘေးရှောင်အများစုဟာ ဝဲကွဲကျေးရွာမှာ လာရောက်တိမ်းရှောင်နေချိန် ခုလို ဝင်ရောက်စီးနင်းသွားတာလို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၁၁ ရက်နေ့က စတင်ကာ စစ်ကြောင်းတွေခွဲဝင်ပြီး ဝင်ရောက်စီးနင်း မီးရှို့ဖျက်စီးတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

#ဆားလင်းကြီး #ဝဲကျေးရွာ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…