ဧရာဝတီတိုင်းမ်
ဧရာ၀တီတိုင်း ၊ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ​နှစ်ထောင်တန်၂လမ်းမှာ မတ်လ ၁၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးသစ်သားလူနေအိမ်တစ်လုံး ဒေသခံတွေဆီက သိရပါတယ်။

မီးလောင်တဲ့နေအိမ်ဟာ သစ်သားအိမ်ဖြစ်တာကြောင့် မီးသတ်ကားရောက်လာပေမယ့် တစ်အိမ်လုံးပြာကျသွားပြီး ဘေးအိမ်ကတော့ မီးဟပ်တာလောက်ပဲ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညကမီးခိုးညော်တော့ ထွက်ကြည့်တာ မီးကမနည်း လောင်နေပြီ၊ သစ်သား၂ ထပ်အိမ် အပေါ်ထပ်ကနေစလောင်တာ၊ အိမ်ကသစ်သားတွေဆိုတော့ မီးလောင်အားကတအားကောင်းတာ၊ ဝါယာရှော့လို့တော့ပြောနေကြတာပဲ၊ ဘေးက တိုက်ကြီးခံနေလို့ကံကောင်းတည ရပ်ကွက်တွေကိုမကူးတာ”လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

မီးသတ်တပ်ဖွဲ့၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းငြိမ်းသတ်ခဲ့တာကြောင့် ည ၉ နာရီ ၁၀ မိနစ်အတွင်းမှာ ငြိမ်းသတ်နိုင်ခဲ့ပြီး နေအိမ်တစ်ခုလုံပျက်စီးဆုံးရူံးခဲ့ပြီး အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခုမီးလောင်မှုဟာ ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့မှာ၂၀၂၃ ခုနှစ်အတွင်းအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခြင်းပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က အမှတ် ၃ ရပ်ကွက် ကန်ပတ်လမ်းမှာ လူနေ အဆောင်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

#ပုသိမ်မြို့ #မီးလောင်မှု #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…