ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်က ပျူစောထီးခေါင်းဆောင်ဆိုသူကို မတ်လ ၁၅ ရက် ည ၉ နာရီ ဝန်းကျင်မှာ ကော့သောင်း မြို့ပြပြောက်ကျားအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်ဆောင်ဆိုသူ ကျော်မိုးခိုင် (ခ) ချီးခြောက် ဆိုသူဟာ ကော့သောင်း အောင်သုခ ရက်ကွက်မှာ နေထိုင်ကာ စစ်တပ်က အာဏာသိမ်းအချိန်ကစပြီး ဆန္ဒပြပြည်သူ တွေကိုခြိမ်းခြောက်ခြင်း၊ စစ်တပ်ကို သတင်းပေးခြင်းများ ပြုလုပ်ခဲ့သူ တစ်ဦးဖြစ်တယ် လို့ ကော့သောင်း မြို့ပြပြောက်ကျားအဖွဲ့ကဆိုပါတယ်။

“ညပိုင်း ၉ နာရီ ၁၂ မိနစ်အချိန်ဝန်းကျင်မှာ မြို့ထဲဘက်ကနေ စစ်တပ်ဘက်ကိုအသွား ပြည်ထောင်စုလမ်းမကြီးပေါ် ၄ မိုင် အနီးမှာကျွန်တော်တို့ အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တာပါ” လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင် မြို့ပြသမန်းကျားပြောက်ကျားအဖွဲ့ (ပကဖ အဖွဲ့) (၃) မှ တာဝန်ရှ်ိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

၎င်း ပျူစောထီးခေါင်းဆောင်ဆိုသူ ကျော်မိုးခိုင် (ခ) ချီးခြောက် ဟာ လဝကရုံးတွင်လည်း ဒေသခံပြည်သူတွေကို အခကြေးငွေများ အဆမတန် တောင်းယူကာ ပွဲစားလုပ်နေတဲ့ သူတစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း စစ်ကောင်စီသတင်းပေးများအနေဖြင့် ပြည်သူလူထုနှင့် တော်လှန်ရေး လုပ်ငန်းစဉ်များကို ထိခိုက်နှောင့်ယှက်လာပါက မည်သူ့ကိုမဆို အမြစ်ဖြတ် ရှင်းလင်းသွားမှာဖြစ်တယ်လို့ ကော့သောင်း မြို့ပြသမန်းကျားပြောက်ကျား အဖွဲ့ ၃ က သတင်းထုတ်ပြန်ထားပါသေးတယ်။

#ကော့သောင်း #ပျူစောထီးခေါင်းဆောင် #ကျော်မိုးခိုင်(ခ)#ချီးခြောက် #သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…