ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်

ဂျပန်နဲ့ အခြား အာရှ-ပစိဖိတ်မိတ်ဖက်တွေက ဒီမိုကရေစီအနာဂတ်အတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေ ကို နားဆင်ဖို့ မြန်မာ့အတိုက်အခံတွေနဲ့ တက်ကြွစွာ ထိတွေ့ဆက်ဆံဖို့ အမေရိကန်နိုင်ငံက မျှော်လင့်ပါတယ်။

“အရှေ့တောင်အာရှတွင်းသာမက အာရှ-ပစိဖိတ်ဒေသက ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေက ဒီမိုကရေစီ အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့ အလွန်ပဲ မျှော်လင့်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ခ်ချိုလတ်က ပြောပါတယ်။

ဒါးရက်ခ်ချိုလတ်ဟာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဆင့်ရှိပြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကန်ကို နယ်ပယ်အသီးသီးမှာ အကြံပြုပါတယ်။

“မြန်မာ့အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံမှာ အာဏာသိမ်းမှုကြောင့် အနာဂတ်မဲ့နေတဲ့ မြန်မာပြည်သူ တွေရဲ့ မျှော်လင့်ချက်တွေကို နားထောင်နိုင်မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါးရက်ခ်ချိုလတ်ဟာ မြန်မာ့အရေး ဆွေးနွေးဖို့ မကြာသေးမီက ထင်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ဒါ့အပြင် ဒါးရက်ခ်ချိုလတ်ဟာ မကြာသေးမီက ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးခွဲ ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာပြည်သူတွေအတွက် အကူအညီ တိုးမြှင့်ပေးဖို့နဲ့ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဆောင်ရွက်ဖို့ NUG တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် အပြစ်မဲ့ပြည်သူ ၃၀၀၀ ကျော် သေဆုံးကာ ၁၈၀၀၀ ခန့် ထိန်းသိမ်းခံခဲ့ရပြီး ၁ ဒသမ ၅ သန်းကျော် အိုး အိမ်စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ကိုးကား – Nikkei Asian Review
Ref; U.S. partners should engage with Myanmar opposition: Blinken adviser