ဧရာဝတီတိုင်းမ်
မတ်လ ၁၅ ရက်
မတ်လ ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီးနောက် မီးဘေးသင့်ဧရိယာတွေမှာနေထိုင်တဲ့ ပြည်သူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူ အညီ ယူရိုတစ်သန်း ထောက်ပံ့မယ်လို့ ဉရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။
ဉရောပသမဂ္ဂက ထောက်ပံ့မယ့်ငွေကြေးကို ပျက်စီးသွားတဲ့ ရေနဲ့ ရေဆိုးနှုတ်စနစ်ပြင်ဆင်ဖို့၊ ဒုက္ခသည်စ ခန်းတွေမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ကူးစက်ရောဂါ တားဆီးကာကွယ်ဖို့ သုံးစွဲမှာဖြစ်ပါ တယ်။
ဉရောပသမဂ္ဂက ငွေကြေးပံ့ပိုးတဲ့ ကြိုတင်ပြင်ဆင်ရေး အစီအစဉ်ကြောင့် မီးလောင်မှုဖြစ်ပွားချိန်မှာ ရွှေ့ ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က တုံ့ပြန်ရေးအဖွဲ့ စေလွှတ်ကာ မီးဘေးသင့် ပြည်သူတွေကို ကူညီပေးနိုင်ခဲ့ပါတယ်။
“ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုကို ချက်ချင်း တုံ့ပြန်ဖို့ ဉရောပသမဂ္ဂရဲ့ ပံ့ပိုးကူညီမှုက အရေးပါခဲ့ပါတယ်။ မီးလောင်မှုကိုထိန်းဖို့နဲ့ ဆုံးရှုံးမှုတွေ ထပ်မဖြစ်အောင် တားဆီးကာကွယ်ဖို့ ဉ ရောပသမဂ္ဂက စေတနာ့ဝန်ထမ်းတွေ စေလွှတ်ခဲ့ပါတယ်” လို့ အကျပ်အတည်း စီမံခန့်ခွဲရေး မဟာမင်းကြီး ဂျာ နက်ဇ်လီနာဆက်က ပြောပါတယ်။
သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုက ဒေသခံ အသိုင်းအဝိုင်းတွေကို ကယ်ဆယ်ပေးနိုင်ပြီး ယခု လို ထပ်တိုး ပံ့ပိုးကူညီမှုကြောင့် မီးဘေးသင့်ပြည်သူတွေရဲ့ နေစရာ၊ ကျန်းမာရေးနဲ့ မိလ္လာစနစ် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ်လို့ သူက ဆိုပါတယ်။
ကိုးကား – EU
Ref; EU releases €1 million in emergency aid for people affected by fire in Rohingya refugee camp in Bangladesh