ဧရာဝတီတိုင်းမ်
မတ်လ ၁၅ ရက်

ရုရှားဂျက်တိုက်လေယာဉ်တစ်စင်းက နိုင်ငံတကာဉပဒေ ချိုးဖောက်သည်ဟုဆိုကာ မနေ့က ပင်လယ် နက်ပေါ်မှာ အမေရိကန် ကင်းထောက် မောင်းသူမဲ့လေယာဉ်တစ်စင်းကို တိုက်ခိုက်ခဲ့တာကြေင့် အမေရိကန်တပ် ဖွဲ့တွေက ဒရုန်းကို ပစ်ချခဲ့ရတယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

ဂျက်တိုက်လေယာဉ်က အမေရိကန်ဒရုန်းကို မပစ်ခတ်ခဲ့ဘူးလို့ ရုရှားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ ခရိုင်းမီး ယားအနီး ဟန့်တားဖို့စေလွှတ်ခဲ့တဲ့ ရုရှားဂျက်တိုက်လေယာဉ်နဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် ဒရုန်းက ရေပြင်အ တွင်း ပျက်ကျသွားခဲ့တယ်လို့ ရုရှားက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်နေစဉ် ဒီဖြစ်စဉ်က ရုရှားစစ်လေ ယာဉ်တစ်စင်းနဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက် အမေရိကန်ဒရုန်းတစ်စင်း ပထမဆုံးအကြိမ် ပျက်ကျမှုဖြစ်လာခဲ့ပါ တယ်။

အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က ဖြစ်စဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်ထံ တင်ပြခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

အမေရိကန်အစိုးရက ဖြစ်စဉ်ကိုကန့်ကွက်ဖို့ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်းထရေစီက မော်စကိုမြို့တော်မှာ ဖြစ်စဉ်ကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောပါတယ်။

အမေရိကန်ဒရုန်းနှစ်စင်းက နိုင်ငံတကာလေပိုင်နက်အတွင်း ပျံသန်းနေစဉ် ရုရှားနိုင်ငံရဲ့ Su-27 ဂျက် တိုက်လေယာဉ်နှစ်စင်းက ဟန့်တားကာ ဂျက်တိုက်လေယာဉ်တစ်စင်းက ပစ်ခတ်ခဲ့တာကြောင့် ဒရုန်းပျက်ကျခဲ့ တယ်လို့ ဉရောပတိုက်ဆိုင်ရာ အမေရိကန်စစ်ဘက်ကွပ်ကဲမှုဌာနချုပ်က ပြောပါတယ်။

ရုရှားဂျက်တိုက်လေယာဉ်တစ်စင်းက ဟန့်တားပြီး ပစ်ခတ်ချိန်မှ MQ—9 ဒရုန်းက နိုင်ငံတကာလေပိုင် နက်အတွင်း လုပ်ရိုးလုပ်စဉ် စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာလို့ အမေရိကန်လေတပ်မှ ဗိုလ်ချုပ်ကြီး ဂျိမ်းစ် ဟက်ကာက ပြောပါတယ်။

ကိုးကား – Asahi Shimbun
Ref; US says Russian warplane hits American drone over Black Sea