ဧရာဝတီတိုင်းမ်
မတ်လ ၁၅ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ FOEIM online (Free Online Educational Institution Myanmar) ကျောင်းထားလို့ဆိုကာ စစ်ကောင်စီတပ်က ကျောင်းသား မိဘတစ်ဦးကို မတ်လ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

FOEIM online (Free Online Educational Institution Myanmar) ကျောင်းထားဖို့စာရင်းပေးထားလို့ဆိုကာ စွပ်စွဲဖမ်းဆီးခံရတဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်က ပုဒ်မ ၅၂ (က)နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်း ဝိုင်းက သိရပါတယ်။

“ သတင်းအရဝင်ဖမ်းရတာ၊ လောလောဆယ်တော့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)နဲ့ အမှုဖွင့်ထားတယ်၊ အဓိကတော့ NUG နဲ့ပတ်သက်တဲ့အဖွဲ့တွေနဲ့ ဆက်သွယ်လို့ ဖမ်းတာ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ FOEIM online (Free Online Educational Institution Myanmar) ကျောင်းဟာ မတ်လ ၁ ရက်နေ့က စတင်ကာ ပိတ်ခဲ့တာကြောင့် ခုလိုမျိုး ဖမ်းဆီးတာဟာ ငွေလိုချင်လို့သာ ဖြစ်လေ့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ သူတို့က စွပ်စွဲပြီးဖမ်းတာ၊ ဘာအချက်အလက်မှသေချာမရှိဘူး၊ ပြီးတော့ အဲ့ကျောင်းက ပိတ်ထားတဲ့ ကျောင်း၊ တကယ်လို့ စာရင်းပေးထားတယ်ဆိုရင်တောင် ကျောင်းမှမတက်ဖြစ်တော့တာ၊ ဒါအတွင်းလူက သတင်းပေးလို့ ငွေညှစ်ဖို့ ဖမ်းတာလို့ပဲထင်ပါတယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ FOEIM online (Free Online Educational Institution Myanmar) ကျောင်းဟာ ငွေကြေးပြသနာများဖြစ်ပေါ်ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က စတင်ကာ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေရဲ့ လုံခြုံရေးအခြေအနေအကြောင်းပြကာ တရားဝင်ပိတ်သိမ်း ခဲ့တဲ့ စာသင်ကျောင်းလည်း ဖြစ်ပါတယ်။
#မြန်အောင်မြို့ #FOEIM #ကျောင်းသားမိဘ #ဖမ်းဆီးခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…