
ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်
မြန်မာစစ်အာဏာရှင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးဖို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးထောက်ခံကြဖို့ အိမ်နီးချင်း အာ ဆီယံနိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမတိုင်မီ အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းနှစ်ခုမှ ခေါင်းဆောင်တွေက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာနဲ့ အာဆီယံဥက္ကဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီတို့ရဲ့ ရှင်းလင်းတင်းပြချက်တွေကို ဒီကနေ့ ကြား နာနေပါတယ်။
မြန်မာစစ်တပ်က အကြမ်းဖက်စစ်ဆင်ရေး လုပ်ဆောင်နေပြီး လူသားမဆန်သော ရာဇတ်မှုတွေ ကျူးလွန် နေတယ်လို့ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေး မြှင့်တင်နေတဲ့ Gender Equality Network ရဲ့ ညွှန်ကြားရေး မှူး မမေစံပယ်ဖြူက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်တွေကို တရားစွဲဆိုဖို့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးသင့်တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကို မထောက်ခံဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီအင်အားစု တွေကို ပေါ်ပေါ်ထင်ထင် ပံ့ပိုးကူညီရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အိမ်နီးချင်းတွေကို ဖိအားပေးဖို့ ၎င်းက ဆိုပါတယ်။
NUG အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ မတွေ့ဆုံဘဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာကို သူက ဝေဖန်ခဲ့ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မေ့လျော့မှုခံနေရတယ်လို့ ဒီမိုကရေစီ ထောက်ခံသူတွေက ခံစားနေရတယ် လို့ Women’s League of Burma အကြီးအကဲ နော်ဆာဆာက ပြောပါတယ်။
လုံခြုံရေးကောင်စီက အာဆီယံနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ ထောက်ခံပေမယ့် ဖော် ဆောင်ရာမှာ တိုးတက်မှုရှိဖို့ အချိန်ကျပြီလို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဝပ်ဒ်က လုံခြုံရေး ကောင်စီ အစည်းအဝေးမတိုင်မီ ပြောပါတယ်။
“မြန်မာပြည်သူတွေ ခံစားနေရတာ အချိန်ကြာမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားတွေ ဒုတိယအများဆုံး သေဆုံးမှုအများဆုံးရှိတာကြောင့် မြန်မာပြည်သူတွေက ထပ်မစောင့်ဆိုင်းနိုင်တော့ပါဘူး” လို့ သူက ဆိုပါတယ်။
ရတ်နိုမာဆူဒီက အရေးယူဖို့ တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မှုကို တင်ပြခဲ့ တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်နိုင်ငံ ဒုတိယသံအမတ်ကြီး နာသာလီဘရုတ်ဟတ်က ပြောပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အာဆီယံကို ထောက်ခံပေမယ့် လုံခြုံရေးကောင်စီအနေနဲ့ အရေးယူ ပြင်ဆင်ထားသင့်တယ်လို့ အချို့က ထုတ်ဖော်ပြောခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးသံအမတ်ကြီး ရိုနယ်လ် ဒိုကော်စတာက ပြောပါတယ်။
ကိုးကား – AP
Ref; Activists urge UN Security Council to refer Myanmar to court
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။