ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ မတ်လ ၁၂ ရက်နေ့က အမျိုးသားတစ်ဦး တောဆင်ရိုင်းနင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တောကျွဲကွင်းကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ အလုပ်လုပ်ဖို့တောထဲဝင်ချိန်မှာ အမြင့်ပေ ၈ ပေရှိတဲ့ တောဆင်ရိုင်းက နှာမောင်းနဲ့ရိုက်ကာ ခေါင်းကိုတက်နင်းသွားတာလို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

“ ဦးခေါင်းအနင်းခံရပြီးသေဆုံးသွားတာ၊ အခင်းဖြစ်နေရာမှာသေတာပါ၊ အဲ့ဒေသမှာက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်၊ သေမှုသေခင်းဖွင့်ထားပါတယ်”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တောဆင်ရိုင်းတွေဟာ ဆင်သတ်မုဆိုးတွေကြောင့် တောထဲမှာ မနေရဲတော့ဘဲ တောအစပ်တွေမှာ အစားရှာ လာပြီးနောက်ပိုင်း ဒေသခံတွေနဲ့တွေ့ရင် အသက်အန္တရာယ် ဒုက္ခပေးတာမျိုးတွေပြုလုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ တောဆင်ရိုင်းတွေ အသတ်ခံရတာပိုများလာသလို ဆင်နင်းခံရပြီးသေဆုံးမှုတွေလည်း ပိုများလာတယ်လို့ ဆိုပါတယ်။
#သာပေါင်းမြို့ #တောဆင်ရိုင်းနင်းခံရ #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…