ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

အမေရိကန်နိုင်ငံရဲ့ အရှေ့တောင်အာရှနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး စိတ်ကူးသစ်တွေကြိုးပမ်းဖို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒီကနေ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အန်တိုနီဘလင်ကန်က ထိုင်းနိုင်ငံကို မသွားရောက်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့လည်း တွေ့ ဆုံခဲ့ပါသေးတယ်။ ဝမ်ယိနဲ့ တွေ့ဆုံမှုက အပြုသဘောဆောင်တယ်လို့ ဘလင်ကန်က ပြောပါတယ်။

ဘလင်ကန်က ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံက လူ ငယ်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဆယ်စုနှစ်ချီ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအား တံခါးပိတ်လိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ဒီမိုကရေစီကို ဦးစားပေးတဲ့အနေနဲ့ ဘလင်ကန်က အာဏာသိမ်းစစ်အုပ်စုကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် အင်အားကြီးစစ်တပ်ကို လုံလောက်တဲ့ဖိအားပေးမှုမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။ စစ်ကောင်စီကို အတိုက်အခံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အာဆီယံနိုင်ငံတွေ ချ မှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ကလည်း တိုးတက်မှုမရှိခဲ့ပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံရေး အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

ရန်ပုံငွေ အရင်းအမြစ်တွေရရှိမှု ဖြတ်တောက်ဖို့နဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက် လှမ်းဖို့ ဘလင်ကန်က စစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်ဖို့ ကြိုးပမ်းမယ်လို့ အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ် တန်းသံတမန် ဒန်နီယယ်ကရက်တင်းဘရင့်က ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီပြန်ရရှိရေးမှာထိုင်းနိုင်ငံက အရေး ပါတဲ့ မိတ်ဖက်နိုင်ငံတစ်ခုလို့ ဒန်နီယယ်က ဆိုပါတယ်။ ဒါပေမယ့် ဘလင်ကန်ရဲ့ ထိုင်းခရီးစဉ်က ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ပရာယွပ်နဲ့ ဆက်ဆံရေး ဆက်လက်ပြုလုပ်တဲ့ အမှတ်သညှာလဲဖြစ်ပါတယ်။

ကိုးကား – Mail Online
Ref; Blinken seeks to shore up Southeast Asia ties in Thailand