![](https://ayartimes.com/wp-content/uploads/2022/07/Sri-Lanka.jpg)
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်
ဆန္ဒပြသူတွေက ဝန်ကြီးချုပ်နဲ့သမ္မတအိမ်တော်ကို ဝင်စီးကာ အဆောက်အအုံတစ်လုံးကို မီးရှို့ပြီးနောက် သီရိလင်္ကာသမ္မတနဲ့ ဝန်ကြီးချုပ်က ရာထူးကနေနှုတ်ထွက်ပေးဖို့ သဘောတူလိုက်ပါတယ်။
အစိုးရသစ်အဖွဲ့ ဖွဲ့စည်းပြီးရင် ရာထူးကနေ နှုတ်ထွက်ပေးမယ်လို့ ဝန်ကြီးချုပ် ရာနေးလ်က ဇူလိုင်လ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ သမ္မတ ဂိုတာဘာယာက ဇူလိုင်လ ၁၃ ရက်မှာ ရာထူးကနေနှုတ်ထွက်မယ်လို့ နာရီ အနည်းငယ်အကြာမှာ လွှတ်တော်နာယကက ပြောပါတယ်။
စီးပွားရေးပြိုလဲမှုကြောင့် မရှိမဖြစ်ကုန်စည်တွေ ပြတ်တောက်ခဲ့ရပြီး ပြည်သူတွေက အစားအစာ၊ လောင် စာဆီနဲ့ အခြားပစ္စည်းတွေ ဝယ်ယူရာမှ ရုန်းကန်နေရတာကြောင့် သမ္မတနဲ့ဝန်ကြီးချုပ်အပေါ် ဖိအားတွေ ရှိနေခဲ့ တာပါ။
ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွေကို ညမထွက်ရအမိန့်ထုတ်ပြန်ပြီး ကဖျက်ကယက်လုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရှေ့ နေတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေက တရားမဝင်ဘူးလို့ ရှုတ်ချတာကြောင့် ကာဖျူးအအမိန့်ကို ရုတ်သိမ်း ခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မနေ့က ကိုလံဘိုမြို့တော်ကိုဝင်ရောက်ကာ သမ္မတ ဂိုတာဘာယာ ရဲ့နေအိမ်ကို ဝင်စီးနင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဝန်ကြီးချုပ်နေအိမ်ကိုလည်း ချိုးဖောက်ဝင်ရောက်ကာ မီးရှို့ခဲ့ တယ်လို့ သိရပါတယ်။
အစောပိုင်းမှာ အလံတွေဝှေ့ယမ်းပြီး ကြွေးကြော်သံတွေ သံပြိုင်ဟစ်နေတဲ့ သမ္မတအိမ်တော်ကိုချီတက်ရာ လမ်းမတွေတစ်လျောက် လူစုဝေးနေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့လို့ လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
လွှတ်တော်ခေါင်းဆောင်တွေက သမ္မတ ဂိုတာဘာယာကို ရာထူးကနေနှုတ်ထွက်ပေးဖို့ တောင်းဆိုတာကို သမ္မတက လက်ခံခဲ့တယ်လို့ လွှတ်တော်နာယက မာဟင်ဒါယာပါက ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။
အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေဖို့ သမ္မတ ဂိုတာဘာယာက သမ္မတအဖြစ် ယာယီ ရှိနေမယ်လို့ ၄င်းက ဆက်ပြောပါတယ်။ လွှတ်တော်နာယကကို ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်စေကာ ကြားဖြတ်အ စိုးရဖွဲ့စည်းဖို့ ဘုံသဘောတူညီချက်တစ်ရပ် ရရှိခဲ့တယ်လို့ အတိုက်အခံ လွှတ်တော်အမတ် ဟာကင်းက ပြောပါ တယ်။
ကိုးကား – SBS
Ref; Sri Lanka’s president, PM to resign after protesters storm their homes