ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်
မြန်မာအာဏာသိမ်းစစ်ကောင်စီက ဒီမိုကရေစီအတိုက်အခံတွေကို ချေမှုန်းဖို့ အွန်လိုင်းမှတစ်ဆင့် အ ကြမ်းဖက်မှုတွေ ဖန်တီးနေပြီး လူမှုကွန်ရက်တွေကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင် သူတွေက ပြောပါတယ်။
“စစ်တပ်ထောက်ခံသူတွေက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်ပေးသူတွေ ကို မီဒီယာတွေ အသုံးချပြီး အကြမ်းဖက်မှုတွေ လှုံ့ဆော်ပေးနေပါတယ်” လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဆို ပါတယ်။
အာဏာသိမ်းမှု ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်အကောင့်တွေက အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်ပေးသူတွေကို ဂုဏ်သိက္ခာချဖို့ အမုန်းတရားအခြေခံ၊ ခွဲခြားဆက်ဆံတဲ့စကားလုံးတွေ အသုံးပြုနေတယ်လို့ ကုလသမဂ္ဂ ပညာရှင်တွေက ပြောပါတယ်။
“အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ထောက်ခံသူတွေက Telegram မှတစ်ဆင့် အကြမ်းဖက်အားပေးတဲ့ အကြောင်းအရာတွေ ဖော်ပြပြီး ထောင်နဲ့ချီတဲ့ follower တွေကို ဆွဲဆောင်ခဲ့ပါတယ်” လို့ သူတို့က ဆိုပါတယ်။
စစ်တပ်ထောက်ခံသူတွေက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ ထောက်ခံသူတွေရဲ့ အမည်တွေ၊ လိပ်စာ တွေကို စစ်တပ်ထံသတင်းပေးတာကြောင့် အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးခံရတာတွေ ဖြစ်လာစေတယ်လို့ သိရပါ တယ်။
အမျိုးသမီးတွေရဲ့ အွန်လိုင်းမှတစ်ဆင့် စစ်တပ်တော်လှန်ရေး လုပ်ဆောင်နိုင်တဲ့စွမ်းအားကို အာဏာသိမ်း စစ်ကောင်စီက ကြောက်ရွံ့နေတယ်လို့ ကုလသမဂ္ဂ ပညာရှင်တွေက ပြောပါတယ်။
“လူ့အခွင့်အရေးအတွက် ရပ်တည်ပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ တိုက်ပွဲ ဝင်နေတဲ့ အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ခံနေရတယ်” လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
Telegram နဲ့ အခြား လူမှုကွန်ရက်ကုမ္ပဏီတွေက အသုံးပြုသူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ ခွဲဝေပေးရမှာဖြစ်ပါတယ်လို့ ၎င်းတို့က ပြောပါတယ်။
ကိုးကား – OHCHR
Ref; Myanmar: Social media companies must stand up to junta’s online terror campaign say UN experts