ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့တပ်ဝင်တွေလမ်းကြောင်းရှိရင် အသေးစား ဓာတ်ဆီဆိုင်တွေ ပိတ်ထားဘို့ ကျောင်းကုန်းမီးသတ်တပ်ဖွဲ့တွေက အာဏာသုံးပြီး လိုက်လံပြောဆိုနေတယ် လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီခန့် အရာရှိတွေရဲ့ ခရီးစဥ် ကျောင်းကုန်းမြို့ကိုဝင်လာတာနဲ့ ချက်ခြင်းပိတ်ထားဘို့က်ို မတ်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့ဝင်တွေက လိုက်လံပြောဆိုနေတာဖြစ်တယ် လို့ ဒေသခံတွေကပြောပါတယ်။

“ဓာတ်ဆိီဆိုင်တွေကို လူကြီလမ်းကြောင်းရှိတဲ့ရက်တွေရှိရင် ချက်ခြင်း ပိတ်ထားဖို့ မီးသတ်တွေကလိုက်ပြောကြတယ်။ ပြောဆိုတဲ့​နေရာမှာလဲ ပါဝါအာဏာသုံးပြီး ရိုင်းရိုင်းပြပြဆက်ဆံကြတယ်။
မလိုက်နာရင် အရေးယူခံရမယ် စုံနေရောဗျာ မကြေနပ်ပေမယ့်လည်းမပြောရဲဘူး ဒီကောင်တွေက စစ်တပ်နဲ့အတူတူပါပဲ ခြိမ်းခြောက်တဲ့နေရာမှာ” လို့ ကျောင်းကုန်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျောင်းကုန်းမီးသတ်တပ်ဖွဲ့တွေရဲ့ရိုင်းပြစွာ အာဏာသုံးပြီး ပြောဆို ဆက်ဆံမှုတွေကို ဓာတ်ဆီဆိုင် ပိုင်ရှင်အချို့ကလည်း ကျေနပ်မှုမရှိကြဘူး လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်း ပုသိမ်မြို့ပေါ်က နေအိမ်တွေမှာ ဒီဇယ်၊ဓါတ်ဆီရောင်းချတဲ့ ဆိုင်တွေကို စစ်ကောင်စီလက်အောက်ခံ ရဲ၊မီးသတ်၊ ထွေအုပ်၊ စည်ပင် အဖွဲ့တွေက မတ်လ ဒုတိယပတ်ကစတင်​ပြီး လိုက်လံဖမ်းဆီးနေတာကြောင့် ဆီဆိုင်တွေကို ပိတ်သိမ်းထားရတယ်လို့ သိရပါတယ်။

#ကျောင်းကုန်း #လူကြီးလမ်းကြောင်း #ဓာတ်ဆီဆိုင်တွေပိတ်ဘို့ #မီးသတ်တပ်ဖွဲ့တွေလိုက်ပြော#Ayeyarwaddy_Times

……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…