ဧရာဝတီတိုင်းမ်
မတ်လ ၁၃ ရက်

ပြီးခဲ့တဲ့အပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းမှာ လောင်ကျွမ်းခဲ့တဲ့မီးက အစီ အစဉ်တကျ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ ရှို့မီးဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှာ မတ်လ ၅ ရက်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀၀ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ယာယီတဲအိမ် ၂၈၀၀ ခန့် မီးလောင်ပြာကျခဲ့ပါတယ်။

စစ်သွေးကြွအဖွဲ့တွေက ဒုက္ခသည်စခန်းတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ မီးရှို့ခဲ့တာလို့ စုံစမ်းစစ်ဆေးမှုကို ဉီး ဆောင်နေတဲ့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နေရာအများအပြားမှာ တစ်ပြိုင်နက်တည်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒါဟာ စနစ်တကျ စီစဉ် ထားတဲ့ ရှို့မီးဖြစ်တယ်ဆိုတာ သက်သေပြနေတယ်လို့ စုံစမ်းစစ်ဆေးရေးမှူး အဘူဆာဖီရန်က ပြောပါတယ်။

မီးလောင်ကျွမ်းမှုမှာ အသေအပျောက်မရှိပေမယ့် ကောဘဇားခရိုင်ရှိ စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဝတ်ပြု ဆုတောင်းရာနေရာလိုမျိုး အရေးပါတဲ့ အခြေခံအဆောက်အအုံကွန်ရက်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင်ခုနှစ်ဉီးပါအဖွဲ့ကို ဖွဲ့စည်းပြီး မျက်မြင်တွေ့ရှိသူ ၁၅၀ ကို တွေ့ဆုံမေးမြန်းပြီးနောက် မနေ့က တွေ့ရှိချက်အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။

မီးလောင်မှုတွေမှာပါဝင်တဲ့ စစ်သွေးကြွအဖွဲ့တွေကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြုခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့တဲ့ ဒုက္ခ သည်တစ်သန်းကျော်ကို ကော့ဘဇားခရိုင်က လက်ခံထားရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကြား မီးရှို့မှုတွေ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်စခန်း တွေမှာ မီးလောင်ကျွမ်းမှု ၂၂၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ကာကွယ် ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လအတွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဉီး သေဆုံးခဲ့ပြီး ၅၀၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ကိုးကား – BBC
Ref; Rohingya camp fire was ‘planned sabotage’ – investigators