ဧရာဝတီတိုင်းမ်
မတ်လ ၁၃ ရက်

စစ်ကောင်စီကကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံစေဖို့ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အစီအမံတွေ ချမှတ်ခြင်းဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ဆုံးဖြတ်ချက်ကို ဖော်ဆောင်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီကနေ့ မြန်မာ့အရေး အစည်းအဝေးတစ်ခု ကျင်းပမှာဖြစ်ပြီး ကုလသ မဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလန်းဟေဇာနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန် ကြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် နိုလန်းဟေဇာတိုံရဲ့ အစီရင်ခံစာတွေကို ကြားနာမှာဖြစ်ပါ တယ်။

“ရှုတ်ချကြောင်း သို့မဟုတ် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်တွေ မထိရောက်ဖူးဆိုတာ မြန်မာစစ် ကောင်စီက ပြသခဲ့ပါတယ်” လို့ HRW ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွှန်ကြားရေးမှူး လူးဝစ်ချာဘွန်နော်က ပြောပါ တယ်။

“အကြီးတန်းစစ်ဘက်အရာရှိတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့ကုမ္ပဏီတွေကို လက်နက်တင်ပို့မှု ပိတ်ပင်တာ၊ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာမျိုးလို ပြင်းထန်တဲ့ အစီအမံတွေပြုလုပ်မယ့် ဆုံးဖြတ်ချက်သစ်တစ်ရပ် လိုအပ် နေတယ်ဆိုတာ စစ်ကောင်စီရဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာလ ဆုံးဖြတ်ချက် အလေးမထားမှုက ပြသနေပါတယ်” လို့ သူက ဆိုပါတယ်။

“မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက အတိုက်အခံတွေကို အပြီးတိုင်ဖြိုခွင်းဖို့ ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ မြေ လှန်မီးရှို့စနစ် ပြုလုပ်ခဲ့ပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ဒီလအစော ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြောက်မတ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ လက်တွေ့ကျတဲ့ အရေးယူမှု အရေးတကြီး လိုအပ်နေပါတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ ဖမ်းဆီးမှုနဲ့ စစ်ရာဇဝတ်မှုတွေဟာ ပစ်မှတ် ထား အရေးယူမှုတွေ ပိုပြီး လိုအပ်နေတယ်ဆိုတာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ရှင်းလင်းစွာ တင်ပြရမယ်လို့ သူက ထောက်ပြပါတယ်။

“စစ်ကောင်စီရဲ့ ဝင်ငွေရေပေါက်နဲ့ စစ်လက်နက်တွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်တာ မြန်မာနိုင်ငံ မှာ နေ့စဉ် လုပ်ဆောင်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်စေမယ့် အရေးပါတဲ့ နောက်တစ်ဆင့်ခြေလှမ်း ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ကိုးကား – HRW
Ref; Myanmar: Concrete UN Security Council Action Needed