ဧရာဝတီတိုင်းမ်
မတ်လ ၁၃ ရက်
စစ်ရေးလေ့ကျင့်မှုတွေကို စစ်ကြေညာမှုတစ်ခုအဖြစ် ရှုမြင်နိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးပြီး နောက် တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေက ယနေ့ ငါးနှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို စတင်လိုက်ပါတယ်။
မကြာသေးမီလတွေအတွင်း ပိတ်ပင်ထားတဲ့ လက်နက်စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားက ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်ခဲ့ပါတယ်။
“Freedom Shield” လူခေါ်တဲ့ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ၁၀ ရက်ကြာ ပြုလုပ် မှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကြောင့် လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင် အပြောင်းအလဲဖြစ်ရေး အလေး ထားမယ်လို့ သိရပါတယ်။
အခုစစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားနိုင်ငံရှိ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တဲ့ပုံစံ “Teak Knife” ခေါ် စစ်ရေးလေ့ကျင့်မှုကို အမေရိကန် အထူးတပ်ဖွဲ့တွေက ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီလအတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
အခုလိုမျိုး စစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုရီးယားနိုင်ငံကို အမျက်ဒေါသထွက်စေပြီး ကျူးကျော် တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် ရှုမြင်ပါတယ်။
နျူကလီးယားလက်နက်တွေ၊ ဒုံးကျည်အစီအစဉ်တွေက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ပင်လယ်ကမ်းလွန်ရှိ ရေငုပ်သင်္ဘော တစ်စင်းမှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေလိုမျိုး ဘယ်လိုလက်နက်မျိုးကိုမဆို စမ်းသပ်နိုင်တဲ့ စွမ်းရည်မျိုး မြောက်ကိုရီးယားစစ်တပ်က ပိုင်ဆိုင်ထားပါတယ်” လို့ ဆိုးလ်မြို့တော်ရှိ Ewha တက္ကသိုလ်မှ ပါမောက္ခတစ်ဉီးက ပြောပါတယ်။
ကိုးကား – CNA
Ref; US, South Korea kick off largest drills in five years