ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း ရှိ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ရဟန်းသံဃာများကို စစ်ကောင်စီတပ် ဖွဲ့၀င်များမှ အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း KNDF ထံမှ သိရှိရသည်။
ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင်အ ချိန်ခန့်က ပင်လောင်းမြို့၊ နမ့်နိန်းကျေးရွာအနီးတစ် ဝိုက်ကို စစ်ကောင်စီမှ တိုက်လေယာဉ်နှင့် လက်နက် ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထို့နောက်ကျေးရွာအတွင်းသို့ ၀င်ရောက်ပြီး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ နှင့် သံဃာတော် များကို ပုန်းနေရာမှ ထွက်ခိုင်းပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘုန်းကြီးကျောင်းထဲပုန်းနေတဲ့ ရွာသားတွေရှိတယ်။ အဲဒီပုန်းနေတဲ့ အယောက် ၃၀ လုံးနဲ့ ကျောင်းမှာရှိတဲ့ သံဃာ ၃ ပါးကို အပြင်ကိုထွက်ခဲ့ခိုင်းပြီး ကျောင်းထဲမှာပဲ ရက်ရက်စက်စက်ပစ်သတ်သွားတာ အကုန် လုံးကို။ ကျွန်တော်တို့ KNDF, PDF, KAအဖွဲ့တွေ အနီးနားမှာ ကင်းထောက်တွေရှိပေမယ့် ၀င်မကယ်နိုင်ခဲ့ဘူး။ သူတို့ဘက်က အရမ်းအင်အားများတယ်။ မကူညီနိုင်ခဲ့ဘူး”ဟု KNDF တာ၀န်ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်မှ ယမန်နေ့က ယခုကဲ့သို့ အစုလိုက် အပြုံလိုက်၀င်ရောက်သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထွက်သွားချိန် ယနေ့ မတ်လ ၁၂ ရက်နေ့မှသာ KNDF နှင့်ပူး ပေါင်းအဖွဲ့များမှ ၀င်ရောက်၍နယ်မြေရှင်းလင်းရေးလုပ်ချိန်တွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
ပျောက်ဆုံးသူ ၃၀ ဦးရှိရာ ၂၈ ဦးရဲ့ရုပ်အလောင်းများ ကိုသာတွေ့ရှိရကြောင်းလည်း KNDF မှ ထုတ်ပြန်ထားသည်။
ပင်လောင်းမြို့အတွင်း စစ်ကြောင်းထိုးနေသည့် စစ် ကောင်စီတပ်ကို KNDF, KA, ရှမ်းတောင် PDF၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF နှင့် လာရောက်ပူးပေါင်းကူညီပေး သည့် MOD PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တန်ပြန်တိုက်ခိုက်လျက်ရှိကြောင်းလည်း သိရှိရသည်။
#ပင်လောင်း #စစ်ကောင်စီတပ် #ဒေသခံများကိုသတ်ဖြတ် #အစုလိုက်အပြုံလိုက် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။