ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး စိတ်ကြွရူးသွပ်ဆေးပြား ၄၂၄ ပြားဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မှုခင်းရဲတပ်ဖွဲ့က လပွတ္တာမြို့၊ အမှတ် ၁ ရပ်ကွက်နဲ့ ၇ ရပ်ကွက်က ဒေသခံ ၃ ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၄၂၄ ပြားနဲ့အတူ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ ဖမ်းမိတာဟုတ်ပါတယ်၊ လက်ရှိတော့ စစ်ဆေးနေတုန်းပါ၊ ဆေးပြား ၄၂၄ ပြားနဲ့ ငွေကျပ် ၅ သောင်းနီးပါးနဲ့ အတူ ဖမ်းမိတာပါ၊ အသေးစိတ်ကိုတော့ မသိရသေးဘူး”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကိုတော့ လပွတ္တာမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလည်းစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ခုလိုမျိုး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းချတဲ့သူတွေကိုဖမ်းမိခဲ့ပေမယ့် ဒေသခံ တွေကတော့ ဒါဟာ သတင်းထွက်တာများလို့ အဖမ်းခံတဲ့ပုံစံမျိုးသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လပွတ္တာမြို့မှာ လမ်းဘေးတွေမှာတင် ကွမ်းယာရောင်းသလိုမျိုး မူးယစ်ဆေးတွေ လိုင်းကြေးပေးပြီး ပေါ်ပေါ်တင်တင်ရောင်းချလာတာကြောင့် ခုဖြစ်စဉ်ဟာ အဖမ်းပြတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

#လပွတ္တာမြို့ #မူးယစ်ဆေးဝါးဖမ်းမိ #အဖမ်းပြခြင်းသာဖြစ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…