ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်

PDF ရဲဘော်တွေ ထိခိုက်ကျဆုံးမှုနည်းစွာနဲ့ စစ်ကောင်စီတပ်ကို ချေမှုန်းတိုက်ခိုက်နိုင်မယ့် Bot Tank Sentry စက်ရုပ်ကို စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။

အဆိုပါ စက်ရုပ်ဟာ လူထိန်းချုပ်မှုနဲ့ အသုံးပြုပစ်ခတ်ရမှာဖြစ်ပြီး ပစ်မှတ်တိကျအောင်ပစ်ခတ်နိုင်တာကြောင့် PDF ရဲဘော်တွေအနေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ ထိခိုက်ကျဆုံးမှုနည်းစွာနဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နိုင်မယ်လို့ နည်းပညာအထောက်အကူအပြုအဖွဲ့ ခေါင်းဆောင် ကိုအုပ်ကြီးက ပြောပါတယ်။

“ထုတ်လုပ်ရတဲ့ရည်ရွယ်ချက်က ရှေ့တန်းမြေပြင်တိုက်ပွဲတွေမှာ ရဲဘော်တွေအထိအခိုက်နည်းအောင် Battle ပွဲတွေမှာ တစ်ဖက်ကနေ ဒီလို Robot တွေကိုအသုံးချနိုင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ အဓိကရည်ရွယ်ချက်က ကျဆုံးမှု ဆုံးရှုံးမှုနည်းအောင်ပါပဲ ဖမ်တီးထုတ်လုပ်ခဲ့တာပဲဖြစ်တယ်”လို့ နည်းပညာအထောက်အကူအပြုအဖွဲ့ ခေါင်းဆောင် ကိုအုပ်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

Bot Tank Sentry အမည်ရှိ စက်ရုပ်ကို ၆ လကြာ တီထွင်ဖန်တီးခဲ့ရပြီး ကာလတန်ဖိုး ကျပ် ၃၅ သိန်းဝန်ကျင် ကုန်ကျခဲ့တယ်လို့ သူကဆိုပါတယ်။

“ကြာချိန်က ၆ လလောက်ရှိမယ်။ ပစ္စည်းမှာတာနဲ့ ၄ လလောက် အချိန်ယူစောင့်ခဲ့ရတယ်။ ကုန်ကျစာရိတ်ကတော့ ၃၅ သိန်းဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ကျွန်တော်ဆီက နည်းပညာရယူပြီး အသုံးပြုလို့ရပါတယ်။ ဒီထက်ပိုကောင်းတဲ့ စက်ရုပ်တွေလည်း ထပ်ပြီးတီထွင်ထုတ်လုပ်သွားဦးမှာပါ။ အချိန်တော့ နည်းနည်းယူရဦးမယ်ဗျ”လို့ နည်းပညာအထောက်အကူအပြုအဖွဲ့ ခေါင်းဆောင် ကိုအုပ်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

Bot Tank Sentry စက်ရုပ်ဟာ အဖွဲ့အစည်းတစ်ခုအတွက် ရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်လို့ မည်သည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကိုမဆို နည်းပညာမျှဝေအသုံးပြုသွားဖြစ်ပြီး ယခုထက်ပိုမိုကောင်းမွန်တဲ့ စက်ရုပ်တွေ ထပ်မံထုတ်လုပ်သွားဦးမယ်လို့ နည်းပညာအထောက်အကူအပြုအဖွဲ့ ခေါင်းဆောင် ကိုအုပ်ကြီးက ပြောပါတယ်။
#PDF #စစ်ကောင်စီ #BotTankSentry #စက်ရုပ်
#Ayeyarwaddy_Times