ဧရာဝတီတိုင်းမ်
(တီးတိန်)၊ မတ် ၁၂ ရက်
ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသော စစ်ကောင်စီယာဥ်တန်းကို မတ်လ ၁၀ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် CDF-CDM SIYIN နှင့် MEDF တို့ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၂၁ ဦး အပြင်းအထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းCDF-CDM SIYIN က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ ယမန်နေ့၊ နံနက် ၈ နာရီခွဲအချိန်က စစ်ကောင်စီယာဥ်တန်းကို ၁၀ ကြိမ်ထပ်မံမိုင်းဆွဲတိုက်ခိုင်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူများပြားကြောင်းသိရပြီး KKG B-7ကလည်း CDF-CDM SIYINထံ စစ်ကူလာရောက်ပူးပေါင်းခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ဒေသကာကွယ်ရေးဘက်က အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး ကလေး-တီးတိန်လမ်းမကို ပြန်လည်အသုံးပြုနိုင်ကြောင်းသိရပြီး ဟားခါး၊ ဖလမ်းဘက်မှ သိုင်းငင်းလမ်းဖြတ်မည် ကားလမ်းကိုတော့ လုံးဝမသွားလာကြရန်မေတ္တာရပ်ခံထားသည်။
ချင်းပြည်နယ်ဘက်သို့ တက်လာသော စစ်ကြောင်းသည် မောက်လိုက် အခြေပြု ခမရ ၃၆၅၊ မိုင်းဆတ်ဒေသအခြပြု ခလရ ၂၇၈ တပ်ရင်း၊ တပ်မ ၂၂ လက်အောက်ခံ ၂၀၄ တပ်ရင်းတို့ ဖြစ်ကြောင်းသိရသည်။
ဒေသကာကွယ်ရေးတပ်၏ အသိပေးထုတ်ပြန်ချက်များကို ပူးပေါင်းကူညီကြသော ခရီးသွားပြည်သူများအပေါ်အထူးကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#ချင်းပြည်နယ် #စစ်ကောင်စီ #ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရ #စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။