ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြို့နယ်လဝက ဦးစီးမှူးဖြစ်သူဟာ မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ် လဝက ဦးစီးမှူး ဦးလွင်မြင့် ဟာ နေ့လည် ၁ နာရီလောက်မှာ ဝန်ထမ်းအိမ်ယာကို ပြန်လာတဲ့လမ်းမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ နေ့လည် ၁ နာရီလောက်ဖြစ်သွားတာ၊ ဝန်ထမ်းအိမ်ယာကိုပြန်တဲ့လမ်းမှာဖြစ်ဖို့များတယ်၊ သူကပြောင်းလာတာ သိပ်မကြာသေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖားကန့်မြို့နယ် လဝက ဦးစီးမှူး ဦးလွင်မြင့်ဟာ ဖားကန့်မြို့နယ်ကို ရောက်လာတာ လပိုင်းပဲရှိသေးတဲ့သူဖြစ်ပြီး ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်မှုကြောင့် ဖားကန့်မြို့နယ် လဝက ဦးစီးမှူး ဦးလွင်မြင့် သေဆုံးပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေက မြို့အတွင်း ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဖားကန့် #မြို့နယ်လဝကဦးစီးမှူး #ပစ်သတ်ခံရ
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…