ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာက မတ်လ ၇ ရက်နေ့ကစတင်ပြီး ပုသိမ်တံတားအမှတ်၂ ကနေ ကျောက်ငူထီးအထိ ကမ်းနားလမ်းကို အနှေးယာဥ် (ဆိုက်ကား) များကိုဖြတ်သန်းခွင့်ပိတ်လိုက်တာကြောင့် အနှေးယာဥ်လုပ်သားများအခက်တွေ့နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ အနှေးယာဥ်လုပ်သားတွေ အများဆုံး လုပ်ကိုင်နေရတဲ့ ကမ်းနားလမ်းကို ခုလိုမျိုး စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာကြောင့် ရေရှည်မှာစားဝတ်နေရေးတွေ အခက်အခဲတွေရှိလာနိုင်မယ်လို့ ဒေသခံတွေကပြောပါတယ်။
“သူတို့ပိတ်လိုက်တဲ့နေရာက ဆိုက်ကားသမားတွေ အဓိကထား ထမင်းစားဖို့ရှာရတဲ့နေရာ တွေပါ တောက စက်လှေတွေ၊ သင်္ဘောတွေက ခရီးသည်တွေ လာတတ်တယ်၊ ကုန်ဆိုင်တွေက စက်လှေတွေကိုဆိုက်ကားနဲ့ကုန်တွေချရင် အဲ့လမ်းကိုအသုံးပြုနေရတာ ခုတော့ထမင်းအိုးရိုက်ခွဲလိုက်သလိုပဲ”လို့ အနှေးယာဥ်လုပ်သားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ အနှေးယာဥ်လုပ်သားတွေအနေနဲ့ စက်လှေ၊ သင်္ဘောတွေ ရှိတဲ့ကမ်းနားလမ်းကို အသုံးပြုမရတာကြောင့် ရပ်ကွက်လမ်းများအတွင်းသာ ခရီးသည်ပို့ရတာကြောင့် စီးနင်းသူနည်းပါးလာကာ စား၀တ်နေရေးအခက်အခဲတွေ နဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
” အစထဲက ဆိုင်ကယ်နဲ့သုံးဘီးဆိုင်ကယ်တွေ ပေါလို့ နေ့စဥ်၀င်ငွေရဖို့တောင် မနက်အစောကြီးထပြီး သင်္ဘောကပ်တဲ့အချိန် ခရီးသည်ရှာနေရတာခုလို လုပ်လိုက်တော့ လုံး၀ကိုအဆင်မပြေတော့ဘူးတစ်နေ့ကို ၀င်ငွေက ၂၀၀၀ကအများဆုံးပဲမိသားစုအခက်အခဲအရမ်းကိုကြုံနေရတာ အခြားအလုပ်ပြောင်းဖို့ကြတော့လဲ ဘာအလုပ်မှ လုပ်စရာမရှိအောင်ရှားပါးနေတာ၅၀၀လောက်နဲ့အိမ်ပြန်ရတဲ့နေ့တွေတောင်ရှိပါတယ်”လို့ အနှေးယာဥ် လုပ်သားတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာ ယခင်က မြို့လည်လမ်းမကြီး ဖြစ်တဲ့ မဟာဗန္ဓုလ လမ်းမကြီးကိုသာ ဆိုက်ကားသွားလာခွင့်ပိတ်ထားခဲ့တာဖြစ်ပြီး ယခု ၂၀၂၃ မတ်လအတွင်းမှသာ မြို့အင်္ဂါရပ်နဲ့ညီညွတ်အောင်ဆိုပြီး စည်ပင်သာယာက ကမ်းနားလမ်းကိုသွားလာခွင်ပိတ်လိုက်တာဖြစ်ပြီး အနှေးယာဥ်(ဆိုက်ကား)များသွားလာခွင့်မပြုကြောင်း ဆိုင်းဘုတ်များနဲ့ သတိပေးထားတယ်လို့သိရပါတယ်။
#ကလိန်အောင်မြို့ #အမျိုးသမီးနှစ်ဦး #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…