ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေး တံတား အောက်က ရွှေမျောတွေကို မတ်လ ၁၂ ရက် နေ့လည် ၂ ရီမှာ စစ်ကောင်စီတပ်နဲ့ရှမ်းနီတွေက မီးရှို့သွားတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၂ ရက် နေ့လည် ၂ နာရီမှာ ရွှေမျှောဖောင်တွေကို မီးရှို့သွားတဲ့အပြင် ရွှေမျှောလုပ်ကိုင်သူ ပိုင်ရှင် ၂ ဦးကိုလည် စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

“နောင်ပိုအောင် တံတားအောက်ဘက်မှ ရွှေမျောလုပ်နေတဲ့လူတွေရှိကြတယ်လေ၊ အဲတာကို စစ်ကောင်စီနဲ့ ရှမ်းနီတွေပေါင်းအုပ်စုဖွဲ့ပြီးဖမ်းဆီးသွားကြတာပါ။ ရှိသမျှရွှေမျောတွေကိုလည်း မီးရှို့ကြတယ်။ စစ်တပ်နဲ့ရှမ်နီတွေရဲ့ ယုတ်မာချက်ကတော့ ပြောမပြတတ်အောင်ပါပဲ” လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း ရွှေလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပန့်၊ ပန်ကာ၊ မော်တာ၊ အင်ဂျင်စတဲ့ မော်တော်ယာဥ်ဆက်စပ်တဲ့ စက်ပစ္စည်းတွေကို မြို့ပေါ်တက် ပြင်တဲ့အခါမှာလည်း စစ်ကောင်စီ၊ ရှမ်းနီတပ်၊ ပျူစောထီးတွေက အဓမ္မသိမ်းယူမှုတွေနဲ့အတူ ငွေတောင်ယူမှုတွေလည်းအမြဲလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကလည်း ချင်းတွင်းမြစ်အတွင်းမှာ သွားလာနေတဲ့ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်မြို့များမှ ဒေသခံတွေရဲ့ မော်တော်ယာဥ်တွေပေါ်က ပစ္စည်းတွေကိုလည်း ဆယ်ကြောင်း ပျူစောထီးနဲ့ရှမ်းနီတပ်တွေကအဓမ္မ သိမ်းယူခဲ့ပါသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

#ဟုမ္မလင်း #နောင်ပိုအောင် #ရွှေမျောဖောင်
#စစ်ကောင်စီနဲ့ရှမ်းနီးတပ်တွေမီးရှို့ #ပိုင်ရှင်၂ဦးဖမ်းဆီးခံရ
#Ayeyarwaddy_Times

……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…