ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က သလ္လာဝတီရပ်ကွက်၊ ဇက်ဆိပ်ရှိ စက်သုံးဆီများတင်ဆောင်ထားသည့်စက်လှေ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

စက်လှေပေါ်တွင် ဆီပေပါများ တင်ဆောင်ထားပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် ဆီပေပါပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မီးလောင်သည့် အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံများထံက သိရသည်။

“စက်လှေမီးလောင်ပြီးတော့ ဆီပေပါတွေ ဆက်တိုက်ပေါက်ကွဲတယ်။ လူတချို့လည်း ဒဏ်ရာရတယ်လို့တော့ ပြောတယ်။ မီးလောင်မှုက များတယ်။ အခုထိ မငြိမ်းသေးဘူး”ဟု မုံရွာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – လူမှုကွန်ရက်