ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၁၂ ရက်
တနင်္သါရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် မတ်လ ၉ ရက်နေ့က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နေ့လည် ၂ နာရီလောက် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်က ကလိန်အောင်မြို့ တံတား အကျော်မှာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီအမျိုးသမီး နှစ်ဦးထဲက တစ်ဦးက ဖုန်းမရှိလို့ ဖုန်းသွားဝယ်ကြတာ။ သူ့သူငယ်ချင်းက အဖော်လိုက်ပေးတယ်။ ဖုန်းဝယ်ပြီး ဆိုင်ကယ်နဲ့ ပြန်အလာမှာ တံတားအနားမှာ ဖမ်းဆီးခံခဲ့ရတယ်”လို့ ကလိန်အောင်မြို့မှ အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးမှာ ဇင်းဘာကျေးရွာက အသက် ၁၇ နှစ်ဝန်းကျင်အရွယ် မကေသီသီလင်းနဲ့ ကျောက်ရှပ်(နွယ်လီ) ကျေးရွာ ကအသက် ၁၈ နှစ်ဝန်းကျင်အရွယ် မသက်မြတ်နိုးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခြင်းခံရတဲ့ အမျိုးသမီး ၂ ဦးဟာ သာမန်ပြည်သူများသာဖြစ်တာကြောင့် ဘာကြောင့်ဖမ်းဆီးသွားလည်းဆိုတာ အခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ဦးကို ကလိန်အောင်မြို့ရဲစခန်းမှည စစ်ဆေးပြီး မတ်လ ၁၀ ရက်နေ့မှာ အမှတ် ၄၁၀ ခြေမြန်တပ်ရင်း ရဲ့ စစ်ကြောရေးသို့ ပို့ဆောင်ပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း ကလိန်အောင် စာင်သင်ကျောင်းထဲ ဓာတ်ပုံဝင်ရိုက် လို့ဆိုပြီး လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ အပြင်းအထန်နှိပ်စက်ပြီးနောက် ငွေနဲ့ အာမခံပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ၊ ကလိန်အောင်မြို့ တွင်ဖမ်းဆီးခံရသော အမျိုးသမီး နှစ်ဦး
#ကလိန်အောင်မြို့ #အမျိုးသမီးနှစ်ဦး #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…