နွေဦးမောင်/ဧရာဝတီတိုင်းမ်
(လှိုင်သာယာ)၊ မတ်လ ၁၂ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အိမ်ထောင်စုစာရင်းလုပ်ဖို့အတွက် ဒေသခံတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ငွေကျပ် ၁ သောင်းကနေ ၃ သောင်းကျပ်ထိပေးနေရတယ်လို့ သိရပါတယ်။

အမှတ် ၃ ရပ်ကွက်မှာလည်း အိမ်ထောင်စုစာရင်းလုပ်တာတွေ ဧည့်စာရင်းတိုင်တာတွေနဲ့ အိမ်ထောင်စု စာရင်းခွဲထွက်တာတွေပြုလုပ်ရတဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ငွေ ၃ သောင်းထိ ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အိမ်ထောင်စုစာရင်းထဲကနေ အိမ်ထောင်ကျလို့ မိသားစုတွေထဲကနေ အသစ်ထပ်လုပ်ဖို့ လဝက ကို သွားလုပ်ဖို့အတွက်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တစ်ယောက် ၁ သောင်းပေးရတာ၊ လူအရေအတွက်နဲ့တောင်းတာ၊ တချို့ ၆ ယောက်ရှိတဲ့မိသားစုဆို ၆ သောင်းပေးခဲ့ရတာရှိတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒါ့ပြင် ဧည့်စာရင်းစာရွက်မှာ ရပ်ကွက်ရုံးတံဆိပ်တုံး ထုပေးတာက အစ ငွေ ၁ သောင်းကျပ်ထိပေးနေရပြီး ရွပ်ကွက်ပြောင်းရွှေ့ဖို့ ထောက်ခံစာယူရင်လည်း ၃ သောင်းကျပ်ထိပေးနေရတယ်လို့ ဆိုပါတယ်။

လက်ရှိ ဒေသခံပြည်သူတွေကို ငွေအဆမတန်တောင်းယူနေတဲ့ လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ဦးခင်မောင်ဇော်ဆိုသူဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ရော လူမိုက်တွေနဲ့ပေါင်းပြီး အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းပါ လုပ်ကိုင်သူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#လှိုင်သာယာ #အမှတ်၃ရပ်ကွက် #အုပ်ချုပ်ရေးမှူး #ငွေတောင်း #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…