ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်

Keppel Corporation က မြန်မာနိုင်ငံရှိ ရန်ကုန် ဆီဒိုးနားဟိုတယ်ကို ဒေါ်လာ ၅၇ ဒသမ ၄ သန်းနဲ့ ရောင်းချတော့မယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံ ရဲ့ ဟိုတယ်လုပ်ငန်းက ရှင်သန်ဖို့ရုန်းကန်နေရတာကြောင့် ဆီဒိုးနားဟိုတယ်ကို ရောင်းချတာလို့ သိရပါတယ်။

စင်ကာပူလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Keppel Corporation က ဆီဒိုးနားဟိုတယ်ကို Spring Blossom Ventures သို့ ရောင်းချလိုက်တာဖြစ်ပါတယ်။

စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ Spring Blossom Ventures ဟာ ဟိုတယ်နယ်ပယ်က ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်ပြီး သဘောတူညီချက်ဟာ ဒီနှစ်ဝက်အတွင်း ပြီးစီးမယ်လို့ သိရပါတယ်။

Spring Blossom Ventures ရဲ့ အဓိကရှယ်ယာရှင်သုံးဉီးအနက် တစ်ဉီးဖြစ်တဲ့ Low Heng Huat က ဆီဒိုးနားဟိုတယ် ရောင်းချတာကို အတည်ပြုလိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြေလျော့မှုတွေ ပြုလုပ်နေပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း နလံပြန်မထူနိုင်သေးဘဲ ဟိုတယ်အများစု ပိတ်ထားရပါတယ်။

၁၉၉၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဆီဒိုးနားဟိုတယ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတကာဟို တယ်တွေအနက် တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား – First Post
Ref; Singapore’s Keppel to sell its Myanmar hotel for $57 million