ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ မတ်လ ၉ ရက်နေ့ ညပိုင်းက ငရုတ်ကောင်းရဲစခန်းအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ငရုတ်ကောင်းနယ်မြေရဲစခန်းထဲမှာ ည ၇ နာရီကျော်လောက်ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တာကြောင့် ရဲတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ရဲတစ်ဦးတော့ ညတွင်းဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

” လက်နက်တိုက်ကပေါက်တာ၊ လက်နက်တိုက်တာဝန်ခံကိုတော့ ညကပဲဖမ်းလိုက်တယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်နက်တိုက်အတွင်းမှာထားတဲ့ ခဲယမ်းတွေကြောင့် အပူချိန်မြင့်တက်လာတဲ့အခါ ပေါက်ကွဲတာမျိုးဖြစ်နိုင်ပြီး လက်နက်တိုက်မျက်နှာစာနဲ့ သက်သေခံ ပစ္စည်းထားတဲ့အခန်း အနည်းငယ်ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ငရုတ်ကောင်းနယ်မြေရဲစခန်းကို စစ်ကောင်စီလက်အောက်ခံ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဖြစ်တဲ့ညပိုင်းမှာပဲ သွားရောက် စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#ငရုတ်ကောင်းရဲစခန်း #ပေါက်ကွဲမှုဖြစ် #ရဲတစ်ဦးဖမ်းဆီးခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…