ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက ဖုန်းများကိုစစ်ဆေးခြင်းနဲ့လူမှုကွန်ယက်(facebook)သုံးစွဲသူများကိုစောင့်ကြည့်မှုများပြုလုပ်နေပြီး မတ်လ ၁၁ ရက်နေ့အထိ ပြည်သူ ၄ ဦးအထိ ဖမ်းဆီးခံထားတယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၁ ရက်နေ့က လူမှုကွန်ယက်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့စာများတင်တယ်ဆိုပြီအမှတ် ၃ ရပ်ကွက်မှာနေထိုင်တဲ့ မခင်ချိုထွေး ၊မတ်လ ၃ ရက်နေ့မှာ ဈေးလေးသမ္မဆန္ဒလမ်းနောက်ဘက်ကွက်သစ်တွင်နေထိုင်တဲ့ မအေးလေး(ခ)နှင်းအိအောင်နဲ့ အမျိုးသားလူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ယနေ့ထိ ဖမ်းဆီးထားသူ အမျိုးသား ၂ ဦး၊အမျိုးသမီး ၂ ဦးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ကညက ကင်မလင်းကျွန်းကား၀န်းထဲကို ဧည့်စာရင်း၀င်စစ်တာမှာ လူငယ် အမျိုးသားတစ်ယောက်ကို ဖုန်းထဲမှာ နိုင်ငံရေးအကြောင်းတွေပြောထားတယိဆိုပြီး လက်ထိပ်ခတ်ဖမ်းသွားတာတွေ့တယ်”လို့ပုသိမ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာဖမ်းဆီးထားသူတွေကို ပုသိမ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုဖို့ပြင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“နိုင်ငံရေးအကြောင်းတွေ လူမှုကွန်ယက်မှာတင်တတ်တဲ့ လူငယ်တွေသတိတော့ထားစေခြင်တယ်၊ ခုကမထင်ရင် ဖုန်းပါယူစစ်တတ်တယ်ဆိုတော့ အပြင်သွားရင်လည်း အကောင့်အသစ်နဲ့သွားပြီး နိုင်ငံရေးအကြောင်းတင်ခြင်ရင် အကောင့်တုနဲ့ တင်၊ပြောထားတဲ့စာတွေဖျက်သွားတာအလုံခြုံဆုံးပဲ “လို့ အသက် ၅၀ အရွယ် ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက် ငါးပြားလမ်းမှာနေထိုင်တဲ့ အသက် ၃၀ ၀န်းကျင်ကိုဇင်၀င်းထက်ကို ဟန်ငြိမ်းဦး တယ်လီဂရမ် ဂရုက စစ်ကောင်စီ ဆန့်ကျင်သည့်သတင်းများတင်တယ်လို့ဖော်ပြခဲ့တဲ့အတွက်စစ်ကောင်စီတပ်နဲ့ရဲများက၀င်ရောက်ဖမ်ဆီးခဲ့ပါတယ်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ဖုန်းစစ်ဆေး #ဒေသခံလေးဦးဖမ်းဆီးခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။