ဧရာ၀တီတိုင်းမ်
မတ်လ ၁၁ ရက်
ပဲခူးတိုင်း၊ က၀မြို့နယ်၊ သရက်ကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးတင်မြင့်သည် ယမန်နေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက သရက်ကုန်းဈေးထဲတွင် ဆက်ကြေးကောက်ယူနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါပစ်ခတ်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် က၀မြို့နယ်(ပကဖ)မှ ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“တင်မြင့်ကရွာထဲမှာ သေနတ်ကိုင်ပြီး လောင်းကစား ဒိုင်တွေ၊ ဈေးသည်တွေ ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးပြီး ဆက်ကြေးကောက်နေတာ။ အဲဒီမနက်က ၇ နာရီ ၀န်းကျင်လောက်ကြီး သူကဈေးထဲမှာ ဆက်ကြေးကောက်နေတုန်း သေနတ်နဲ့ ပစ်ခံရတာ။ နေရာမှာတင် သေတယ်”ဟု က၀ဒေသခံအမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရသည့် ဦးတင်မြင့်သည် ပျူစောထီး ခေါင်းဆောင်ဖြစ်ပြီး သရက်ကုန်း ကျေးရွာတွင် စစ်ကောင်စီအဖွဲ့၀င်များကို တပ်စွဲထားစေပြီး အုပ်ချုပ်ရေးမှူးနှင့် ပျူအဖွဲ့များပူးပေါင်း၍ ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးလျက်ရှိကြောင်း သိရှိရသည်။
“စစ်သား(စစ်ကောင်စီတပ်သား)တွေကင်းလှည့်ရင် သူကပါ သေနတ်စလွယ်သိုင်းပြီး အခြားရွာတွေကို လမ်း လိုက်ပြတာ။ နေ့ရောညပါစစ်ကောင်စီကို သတင်းပေးနေတာ။ လောင်းကစားဒိုင်တွေ ၊ ဈေးသည်တွေကိုဆက် ကြေးကောက်တယ်။ ပြီးရင် အုပ်ကြီးနဲ့ စစ်သားတွေကို ပေးတာ။ စစ်သားတွေနဲ့ ရွာထဲမှာ သေနတ်ပစ် ဖောက်လေ့ကျင့်တာတွေ၊ ဖမ်းဆီးခိုင်းတာတွေလုပ်တယ်။ အဲ့ဒါကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာပါ”ဟု က၀(ပကဖ) တာ၀န်ရှိသူက ဆိုသည်။
ပျူခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့၀င်များမှ သရက်ကုန်း ကျေးရွာကို ပိတ်ဆို့ရှာဖွေ မှုများပြုလုပ်ခဲ့သော်လည်း ရဲဘော်များဘေးကင်းရာသို့ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
#ပဲခူးတိုင်း #က၀မြို့ #ပျူခေါင်းဆောင် #နန်းထိုက်အောင်စစ်ဆင်ရေး #ပစ်ခတ်ရှင်းလင်း
#Ayeyarwaddy_ Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။