ဧရာဝတီတိုင်းမ်
(ပေါင်)၊ မတ်လ ၁၂ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ရင်းငြိမ်ရဲစခန်းအား ယနေ့မတ်လ ၁၁ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း အထူးစစ်‌ဆင်ရေးတပ်ဖွဲ့(S.O.F) မှ ထုတ်ပြန်ထားသည်။

ရင်းငြိမ်ကျေးရွာရှိ ရင်းငြိမ်ရဲစခန်းအား S.O.F ဒရုန်းတပ်ဖွဲ့မှ ဗုံးသီး ၂ လုံးဖြင့်တိတိကျကျ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးနိုင်ပြီး ရဲတပ်သားထိခိုက်မှုများရှိသော်လည်း အတ်အကျအတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

“သူတို့ဘက်ကပြန်ပစ်ခတ်တာမျိုးရှိမရှိတော့ မသိရဘူး။ ဒရုန်းနဲ့တိုက်ခိုက်ပြီး ခနအကြာမှာဘဲ စစ်ကား ၄ စီးနဲ့ဝင်လာတယ်။ ပစ်မှတ်ကိုတော့ တိတိကျကျထိတယ်။ ပစ်မှတ်ကို ဗုံးကြဲလိုက်တဲ့အချိန်မှာ စခန်းရဲ့ရှေ့ကိုရော၊ နောက်ကိုရော ထွက်ပြေးကြတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရတယ်။ အခုဝော့ာ ရဲဘော်တွေလည်း အထိုင်ချရာစခန်းကို လုံခြုံစွာပြန်ရောက်နေပါပြီ။” ဟု S.O.F မှတာဝန်ရှိသူကိုအောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် သထုံဘက်မှ စစ‌ေကာင်စီကား ၄ စီး ဆင်းလာပြီး ဒဏ်ရာရရှိသူများအား လူနာတင်ယာဉ်ဖြင့်သယ်ဆောင်သွားကြောင်း သိရပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ဘက်မှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း တပ်မ(၄၄)စစ်မှုထမ်းဟောင်းဖြစ်သူ မြို့နယ်ပျူစောထီးခေါင်းဆောင်မြင့်ရီအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း S.O.Fအဖွဲ့ထံမှ သိရပါသည်။

#ပေါင်မြို့နယ် #ရင်းငြိမ် #SOF #ဒရုန်း #ရဲစခန်း #Ayeyarwaddy_Times