ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်

ဧရာဝတီမြစ်ရေဟာ မတ်လ ဒုတိယပတ်အတွင်း သတ်မှတ်ရေနည်းမှတ်အောက် ပေဝက်ခန့် လျော့ကျနိုင်တယ်လို့ မတ်လ ၁၁ ရက်နေ့မှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်း တိုင်းတာချက်တွေအရ မန္တလေးမြို့မှာ ၂၄၁ စင်တီမီတာကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လဒုတိယပတ်အတွင်းမှာ လက်ရှိရေမှတ်ထက် ပေဝက်ခန့်မြင့်တက်လာနိုင်ပေမယ့် ရေနည်းသတိပေးမှတ်အောက်မှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧရာဝတီမြစ်ရေဟာ မင်းဘူးမြို့မှာ ၃၉၀ စင်တီမီတာနဲ့ မကွေးမြို့မှာ ၄၀၂ စင်တီမီတာကိုရောက်ရှိနေပြီး ၁၀ ရက်အတွင်းမှာ လက်ရှိရေမှတ်များအောက် ပေဝက်ခန့်ဆက်လက်ကျဆင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဧရာဝတီမြစ်ရေဟာ လက်မယ့် ၁၀ ရက်အတွင်း သတ်မှတ်ရေနည်းမှတ်အောက် ပေဝက်ကျဆင်းမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#ဧရာဝတီမြစ်ရေ #ရေနည်းမှတ်အောက် #ကျဆင်း #မိုးဇလ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…