ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မတ် ၁၁ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့သို့ စစ်ကောင်စီတပ်က သံချပ်ကာ ၂ စီးအပါအဝင် ထောက်ပို့ယာဥ် ၃၀ စီးဖြင့် မတ်လ ၉ ရက်နေ့က ကလေးမြို့မှ ရိက္ခာဖြည့်တင်းလာကြောင်းဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ခြေလျင်ဖြင့် တက်လာခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် သံချပ်ကာအပါအဝင် ချောဆွဲခံထားရသော အရပ်သားကုန်တင်ကားအစီး ၃၀ ခန့်ဖြင့် ချင်းပြည်နယ်သို့ ထပ်မံချီတက်လာခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီတပ်ရဲ့ ပုံမှန်ထောက်ပို့စစ်ကြောင်းလို့ ယူဆရပါတယ်။ ယခင်နှစ်တုန်းက မတူပီမြို့ကို ထောက်ပို့ပေးတဲ့ စစ်ကြောင်းလိုပါပဲ။ ယခု စစ်ကောင်စီတပ်က ထောက်ပို့ယာဥ်အဖြစ်အသုံးပြုလာတဲ့ ယာဥ်တွေကတော့ ချောဆွဲလာတဲ့ ပြည်သူတွေရဲ့ ယာဥ်တွေပါ။ စုစုပေါင်းအစီးရေ ၃၀ ပါ။ သံချပ်ကာ၂ စီးလည်းပါတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ချင်းပြည်နယ်ဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာခြင်းကြောင့် ဒေသခံကာကွယ်ရေး အဖွဲ့များနှင့် နေရာမရွေး၊ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
Photo – Chin Journal
#ဟားခါး #စစ်ကောင်စီတပ် #ရိက္ခာဖြည့်တင်း #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/?ref=page_