ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ မနေ့က စစ်ရေးလေ့ကျင့်မှုတစ်ခုကို တက်ရောက်ခဲ့တယ် လို့ နိုင်ငံပိုင်သတင်းစာတစ်စောင်က ဖော်ပြပါတယ်။

ရွေ့လျားပစ်စင်များမှ ပင်လယ်ဝါဘက်သို့ ဒုံးကျည်ခြောက်စင်း ပစ်ခတ်နေတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင်သ တင်းစာ ရိုဒေါင်ဆင်မွမ်က ဖော်ပြပါတယ်။

မြောက်ကိုရီးယားစစ်တပ်က အနောက်ပိုင်းစစ်မျက်နှာပြင်မှာ ပြုလုပ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်ရေးလေ့ကျင့်မှု ကို ကင်ဂျုံအန်ကိုယ်တိုင်း စစ်ဆေးခဲ့တယ်လို့ အဆိုပါသတင်းစာက ဆိုပါတယ်။ ဓာတ်ပုံအချို့မှာ ကင်ဂျုံအန်ရဲ့သ မီးဖြစ်သူက စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်နေပုံကို မြင်တွေ့ရပါတယ်။

ရန်သူရဲ့ လေတပ်စခန်းတစ်ခုပုံစံ ဖန်တီးထားတဲ့ ပင်လယ်ဝါကမ်းလွန်ရှိ ပစ်မှတ်တစ်ခုကို မြောက်ကိုရီး ယားစစ်တပ်ရဲ့ တပ်ဖွဲ့တစ်ခုက ဒုံးကျည်တွေ ပစ်ခတ်တဲ့ပုံစံတူ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံတာတွေကို ဟန့်တားနိုင်ဖို့ ရန်သူ့ရဲ့ စစ်ပွဲပြင်ဆင် မှုတွေကို ထိန်းချုပ်နိုင်မယ့် စွမ်းရည်တွေ အမြဲရှိဖို့ လိုအပ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

မနေ့က မြောက်ကိုရီးယားစစ်တပ်ဟာ ပင်လယ်ဝါဘက်သို့ တာတိုပဲ့ထိန်းဒုံးကျည်ခြောက်စင်း ပစ်လွှတ်ခဲ့ တယ်လို့ တောင်ကိုရီးယားစစ်တပ်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့မှာစတင်မယ့် အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ် ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်တွေပစ်ခတ်ကာ အခုလို သတိပေးခဲ့တာဖြစ်နိုင်ပါတယ်။

ကိုးကား – NHK
Ref; N.Korean media: Kim inspected ‘fire assault drill’

#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/?ref=page_