ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ မတ်လ ၁၀ ရက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးဖြစ်သူအား ယမန်နေ့ မတ်လ ၉ ရက် ည ၈နာရီဝန်းကျင်တွင် အမည်မသိလူတစ်စုက သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုမောင်လေးကြီသည် ကြံ့ခိုင်ရေးပါတီ၏စည်းရုံးရေးမှူးဖြစ်သလို ပြည်သူ့စစ်အဖွဲ့ တစ်ဦးဖြစ်ပြီး ၎င်း၏ကွမ်းယာဆိုင်မှအပြန်တွင် အမည်မသိသေနတ်သမားများမှ သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ခဲ့၍ ကျုံကဒတ်ဆေးရုံ သို့ပို့ဆောင်ထားကြောင်း သိရသည်။
“ကျုံကဒတ်ရွာမှာ ညက ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှုး စစ်ကောင်စီသတင်းပေး အကြီးစားမောင်လေးကြီးဆိုသူ သေနတ်နဲ့ ၃ ချက်ထိမှန်တယ်ဆိုပြီး သိရတယ်။ အခုတော့ဆေးရုံတင်ထားရတယ်။ ဘယ်အဖွဲ့က လုပ်ဆောင်တာလဲဆိုတာတော့ မသိရသေးဘူးခင်ဗျ” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီသတင်းပေး ကိုမောင်လေးကြီးဆိုသူမှာ ကွမ်းယာဆိုင်ဖွင့်ထားပြီး ၎င်း၏ကွမ်းယာဆိုင် မီးရှို့ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်မှပြန်လည် ဆောက်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
သံဖြူဇရပ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃နေ့ကလည်း မြို့ပေါ်ရှိ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မိုင်းပေါက်ကွဲခဲ့ရာ အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
#မွန်ပြည်နယ် #သံဖြူဇရပ် #ကျုံကဒတ် #စစ်ကောင်စီသတင်းပေး #ပြည်သူ့စစ် #Ayeyarwaddy_Times