ဧရာဝတီတိုင်းမ်
မတ်လ ၁၀ ရက်
ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တစ်နေရာမှာ မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါလှုပ်ရှားမှုကို ကြံခင်းမြိုနယ်က စကြ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီက”လုံး၀အုပ်ချုပ်ခွင့်မရစေရ”စာတန်းကိုကိုင်ဆောင်ကာ ကြံခင်းမြို့နယ်တစ်နေရာမှာ ပြုလုပ်ခဲ့တာလို့ သပိတ်ဦးဆောင်ကော်မတီ၀င်တစ်ဦးက ပြောပါတယ်။
စကြ၀တေးမင်းကြီးသပိတ် ဦးဆောင်ကော်မတီဟာ ကြံခင်းမြို့နယ်အတွင်းမှာ ဇန်နဝါရီလကနေ စတင်ပြီး မတ်လ ၁၀ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို(၁၆)ကြိမ် ဆက်တိုက် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
ဧရာ၀တီတိုင်းမှာ ကြံခင်းမြို့နယ်တစ်ခုထဲမှာပဲ စကြ၀တေးမင်းကြီး သပိတ်ဦးဆောင်ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကိုဆက်တိုက်ပြုလုပ်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ရဲတွေက ကျေးရွာများအတွင်း လိုက်လံစုံစမ်းမှုများပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
#ကြံခင်း #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…