ဧရာဝတီတိုင်းမ်
မတ်လ ၁၀ ရက်
မြန်မာနိုင်ငံသားတွေကို မလေးရှားနိုင်ငံသို့ လူမှောင်ခိုကူးရာမှာ ပါဝင်နေတဲ့ လူမှောင်ခိုဂိုဏ်းတစ်ခုရဲ့ ကြိုးကိုင်သူတစ်ဉီးလို့ ယူဆရသူ အမျိုးသမီးတစ်ဉီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါ တယ်။
မတ်လ ၇ ရက်က နွန်သာဘူရီပြည်နယ်မှာ ထိုင်းရဲတွေက အသက် ၅၃ နှစ်အရွယ် အဆိုပါအမျိုးသမီးကို ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
အဆိုပါအမျိုးသမီးက မြန်မာနိုင်ငံသားတစ်ဉီး မလေးရှားနိုင်ငံသို့ လူမှောင်ခိုကူးပေးပါက ဘတ် ၁၇၀၀၀ လက်ခံရရှိခဲ့တယ်လို့ ကနဉီး စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့တယ်လို့ အမှတ် ၆ လူဝင်မှုကြီးကြပ်ရေးဗျူရို စုံစမ်းစစ် ဆေးရေးမှူးချုပ် ရဲဗိုလ်မှူးကြီး ဒန်ချိုင်းချာရိုယွပ်က ပြောပါတယ်။
“၆ လအတွင်း အမျိုးသမီးရဲ့ ဘဏ်စာရင်းထဲမှာ ဘတ် ၂၁ သန်းအထိ ရှိခဲ့တာကိုလည်း စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးမှုမှာ ကူညီဖို့ လူမှောင်ခိုကူးဂိုဏ်းဝင်နှစ်ဉီးကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်း ခဲ့တယ်လို့ ဒန်ချိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးပြိုလဲခဲ့တာကြောင့် စားဝတ်နေရေး အ ခက်အခဲကြုံတွေ့နေရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေက အလုပ်အကိုင်ရှာဖွေဖို့ အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံသို့ တရားမဝင်နည်းလမ်းတွေနဲ့ ထွက်ခွာနေကြပါတယ်။
အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်ပတိုင်းပြည်တွေကို ရရာနည်းလမ်းတွေနဲ့ ထွက်ခွာနေတဲ့ မြန်မာနိုင်ငံသားတွေဟာ လူမှောင်ခိုဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
ကိုးကား – Bernama
Ref; Thai authorities detain mastermind of human trafficking syndicate
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…