ဧရာဝတီတိုင်းမ်
မတ်လ ၁၀ ရက်
မကွေးတိုင်၊ မြိုင်မြို့နယ် အတွင်းရှိ M.O.G.E လက်အောက် well-2 ရေနံမြေစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ကျားသစ်နက်တပ်မတော် P.L.P.A. ပူးပေါင်းတပ်ဖွဲ့တွေက
ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစခန်းကို မနေ့က မနက် ၇ နာရီ ၃၀ မိနစ်မှာ drone ၈ စီး၊ အီနာဂါဗုံးသီး အလုံး ၃၀ ဝန်းကျင်၊ လက်နက်ကြီး အလုံး ၂၀၀ ခန့်၊ လက်နက်ငယ်တွေနဲ့ စခန်းအတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက် သေဆုံးမှုများခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ကပြောပါတယ်။
“ကျွန်တော်တို့ အဲ့ဒီရေနံစခန်းကို မနက်ပိုင်းကတည်းက ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က ၁၀ နာရီ ဝန်းကျင်လောက်မှာ Mi 35 နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပေမယ့်လည်း ကျွန်တော်တို့ တပ်ပေါင်းစုတွေ ပြန်မဆုတ်ဘဲ ဆက်ပြီးတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအိမ်ယာအချို့လည်း ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်းစီတပ်သားတွေ သေဆုံးမှုလည်းများပါတယ်” လို့ ကျားသစ်နက်တပ်မတော် B.L.P.A ခေါင်းဆောင် ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီဘက်က သေဆုံးမှုတွေများပြားခဲ့ပေမယ့် နယ်မြေအခြေအနေအရ စုံးစမ်းနေဆဲဖြစ်ပြီး ကျားသစ်နက်တပ်မတော် ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း BlackGod တပ်ဖွဲ့က ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မဟာမိတ် တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်လက်ပြောပါတယ်။
၎င်းတိုက်ပွဲဖော်ဆောင်မှုကိုတော့ ကျားသစ်နက် တပ်မတော် B.L.P.A ရဲ့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း တပ်ခွဲများ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ PakokkuPeopleDefenceForce PakokkuYoungForce၊ PakokkuSpecialTaskForce၊ M.U.E.D.F၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ MRGမြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့၊ KingFighter၊ အောင်သပြေ ပြောက်ကျားတပ်ဖွဲ့၊ M.V.P၊ PakokkuThurain၊ I.R.T၊ BlackCheetahHeroNewGZ၊ PxoenixRanger Goba၊ N.Y.S.O၊ PRAခြဲ-၃၁၊ နေမင်း၊ ဆရာအောင်ကြီး၊ ခိုင်လေး၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Gen21၊ ဂျိုင်ဂျာလက်နက်ကြီးတပ်ဖွဲ့၊ ပခုက္ကူခရိုင်အမှတ်-၁၄ တပ်ရင်း၊ သစ္စာဒေါင်းနီ၊ နံ့သာမြေ၊ ဂျမ်းစ်ဘွင်း၊ ဂျော်ကာ၊ Wings Of The lrrawaddy Drone Team စုစုပေါင်း ၃၂ ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုပါတယ်။
#မြိုင်မြို့ #well-2ရေနံမြေ #စစ်ကောင်စီစခန်းဝင်ရောက်စီးနင်းတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားတွေသေဆုံးမှုများပြား#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။