ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ မတ်လ ၉ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယမနနေ့မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဘန့်ဘွေး(ပျူရွာ)မှ ထွက်လာသည့်စစ်ကြောင်းမှ နဘူးတောရွာရှိ ထန်းတက်သမား ၂ ဦးအား သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဘန့်ဘွေး(ပျူရွာ)မှ ရိက္ခာရှာဖွေရန်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့်တပ်သား အင်အား ၃၀ ပါစစ်ကြောင်းမှ နဘူးတောရွာမှ ထန်းတက်သမား ကိုမင်းဇော် အသက်(၃၅)နှစ် နှင့် ထန်းပင်တက်နေသည့် ဦးမြအေး အသက်(၅၀)နှစ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ထန်းပင်ပေါ်မှပြုတ်ကျပြီး သေဆုံးသွားခဲ့ကြောင်း ယင်းမာမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။
“တစ်ယောက်ကတော့ ပစ်သတ်ခံရတာ စစ်ခနဲ့ပျူတွေ ရိက္ခာရှာထွက်လာတာ မြင်တော့ ပြေးတာပေါ့။
တစ်ယောက်က ထန်းတတ်နေရင် ပစ်တော့ ကျည်တော့မထိဘူး ပြုတ်ကျတာ။ အဲ့ကဒဏ်ရာနဲ့ဆုံးတာ။ သူတို့(စကစ)လာရင် မပြေးလို့မရဘူး၊ မပြေးရင် လမ်းပြခေါ်တယ်၊ သူတို့အလိုမကျရင် ထိုးတယ်၊ ရိုက်တယ်နှက်တယ်။ မိုင်းကွင်းတွေဆိုရှေ့ကသွားခိုင်းတာ။” ဟု ယင်းမားပင်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဘန့်ဘွေးရွာမှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးစစ်ကြောင်းမှာ စစ်ကောင်စီမှရိက္ခာထောက်ပံ့ခြင်း မရှိသည့်အတွက် နီးစပ်ရာရွာများတွင် စစ်ကြောင်းလှည့်လည်၍ အနိုင်ကျင့်ရိက္ခာလုယက်ခြင်းများပြုလုပ်လေ့ရှိသည့် အဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်များမှ ယင်းမာပင်မြို့နယ်အတွင်း ပြည်သူများအား အကြောင်းမဲ့ပစ်သတ်ခြင်းများပြုလုပ်နေပြီး ယခုလ မတ်လတစ်လအတွင်း အရပ်သားပြည်သူ ၆ ဦးအထိသေဆုံးခဲ့ကြောင်းလည်း ယင်းမာပင်မြို့နယ်သတင်းပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
#ယင်းမာပင် #ဒေသခံနှစ်ဦး #အသတ်ခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။