ဧရာဝတီတိုင်းမ်
မတ်လ ၉ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံရှိ ပဋိပက္ခဘေးသင့်ပြည်သူတွေအတွက် လူ သားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၆ သန်းနီးပါး ထပ်တိုး ကူညီမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခုအတွင်း ကြေညာလိုက်ပါတယ်။

ဤပံ့ပိုးမှုနဲ့အတူ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာ ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံကထောက်ပံတဲ့ လူသားချင်းစာနာမှု အကူအညီဟာ ဒေါ် လာ ၂ ဒသမ ၁ ဘီလီယံနီးပါးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

အခုပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီထဲမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမဆန်သော ရာဇ ဝတ်မှုတွေမှာ အသက်ရှင်ခဲ့တဲ့ ရိုဟင်ဂျာ ၉၈၀၀၀၀ နီးပါးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြည်သူ ၅၄၀၀၀၀ နီးပါးအတွက် ပံ့ပိုးကူညီမှုတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံကနေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာသူတွေအတွက် လူသားချင်းစာနာမှု တုံ့ပြန်မှု နဲ့ ကူညီထောက်ပံ့မှု တိုးမြှင့်ကြဖို့ အမေရိကန်နိုင်ငံက အလှူရှင်နိုင်ငံတွေကို တိုက်တွန်းပါတယ်။

ပဋိပက္ခခြောက်နှစ်ကြာလာတဲ့အချိန်မှာ မြန်မာနိုင်ငံမှ ဒုက္ခသည်တွေကို လက်ခံထားရှိမှုအတွက် ဘင်္ဂ လားဒေ့ရှ်အစိုးရနဲ့ပြည်သူတွေရဲ့ သဒ္ဓါတရားထက်သန်မှုကို အမေရိကန်နိုင်ငံက အသိအမှတ်ပြုတယ်လို့ ဆိုပါ တယ်။

အခြေအနေပေးပါက ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အပါအဝင် မြန်မာ့အ ရေးအတွက် တာရှည်ခံသောအဖြေရှာဖို့ အမေရိကန်နိုင်ငံက ကတိပြုပါတယ်။

မြန်မာ့အရေး အဆုံးသတ်ဖို့ အရေးကြီးတဲ့ခြေလှမ်းတစ်ခုက အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာပြည်သူ တွေအပေါ် နှိပ်စက်ကလူပြုမှု အဆုံးသတ်ရေးနဲ့ အားလုံးပါဝင်သော ပါတီစုံဒီမိုကရေစီစနစ်အတွက် လမ်းကြောင်း တစ်ခု သဘောတူရေးဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကိုးကား – www.state.gov
Ref; Additional Humanitarian Assistance for the Burma and Bangladesh Regional Crisis