ဧရာဝတီတိုင်းမ်
မတ်လ ၉ ရက်

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စက်မှုနှင့်လုံခြုံရေးဗျူရို (BIS) က စီးပွားရေးလုပ်ငန်း ၃၆ ခုထက်မနည်းကို ရုရှား၊ တရုတ်နဲ့ မြန် မာနိုင်ငံနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေအဖြစ် သတ်မှတ်လိုက်ကြောင်း ဒီ သီတင်းပတ်အတွင်း ကြေညာလိုက်ပါတယ်။

အခုလိုကြေညာတာဟာ သီတင်းပတ်အနည်းငယ်အတွင်း အမေရိကန်နိုင်ငံက ရုရှား၊ တရုတ်နဲ့ မြန်မာရှိ စီးပွားရေးလုပ်ငန်းတွေကို ဒုတိယအကြိမ် ဒဏ်ခတ်အရေးယူတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ သူလျှိုမိုးပျံပူဖောင်းတစ်လုံးကို ပစ်ချပြီးနောက် ရုရှား၊ တရုတ်နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်နိုင်ငံက အခုလို ကြေညာတာဖြစ်ပါတယ်။

စက်မှုနှင့်လုံခြုံရေးဗျူရို (BIS) က စောင့်ကြည့်စာရင်း ထည့်သွင်းခဲ့တဲ့ စီးပွားရေးလုပ်ငန်း ၃၇ ခုထဲမှာ ၂၈ ခုက တရုတ်နိုင်ငံမှဖြစ်ပြီး ဘီလာရုဇ်၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှားနဲ့ ထိုင်ဝမ်မှလည်း ပါဝင်တယ်လို့ သိရပါတယ်။

စောင့်ကြည့်စာရင်းဝင် စီးပွားရေးလုပ်ငန်း ထက်ဝက်ကျော်က တရုတ်နိုင်ငံတွင် အခြေစိုက်ပြီး တရုတ်စစ် တပ်ကို ခေတ်မီစစ်လက်နက်တွေ ထောက်ပံ့နေတယ်လို့ စက်မှုနှင့်လုံခြုံရေးဗျူရို (BIS) က ပြောပါတယ်။

တရုတ်နဲ့မြန်မာနိုင်ငံက လူမှောင်ခိုကူးမှုတွေ၊ စောင့်ကြည့်မှုတွေ၊ အပြစ်မဲ့ အရပ်သားတွေကို အကျဉ်းချ တာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးမှုအတွက် စက်မှုနှင့်လုံခြုံရေးဗျူရို (BIS) က အဆိုပါ နှစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းခြောက်ခုထက်မနည်းကို စောင့်ကြည့်စာရင်း ထည့်သွင်းခဲ့ပါတယ်။

ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်ကောင်စီခန့် ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ အပါအဝင် အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ အီရန်နိုင်ငံရှိ လူပုဂ္ဂိုလ်တွေ အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ ကို ဉရောပသမဂ္ဂက ဒဏ်ခတ်အရေးယူကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

ကိုးကား – JDSUPRA
Ref; U.S. Announces More Than Three Dozen Added to Entity List Related to Russia China and Burma