ဧရာဝတီတိုင်းမ်
မတ်လ ၉ ရက်
အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေး ပါတီ ၁၉ ခုမှတ်ပုံတင်ထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာကနေ့တဆင့် ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကောင်စီကပြုလုပ်တဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့လျှောက်ထားတဲ့ ပါတီ ၅ ပါတီနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ဝင်ရောက်လျှောက်ထားတဲ့ပါတီ ၁၄ ပါတီရှိတယ်လို့ ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းတာနဲ့ မှတ်ပုံတင်တဲ့ ပါတီတွေထဲမှာ တိုင်းရင်းသားပါတီတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
#နိုင်ငံရေးပါတီ #မှတ်ပုံတင် #၁၉ပါတီ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။