ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ မတ် ၉ ရက်
မတူပီမြို့နယ်၊ ထေဘွေးစခန်းသို့ လိုင်လင်းပီမြို့မှ အင်အားဖြည့်တင်းလာသော စစ်ကောင်စီစစ်ကြောင်းကို CDF-Paletwa က မတ်လ ၈ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
လိုင်လင်းပီမြို့မှ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တစ်နေရာတွင် CDF-Paletwaက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲတွင် CDF-Paletwaဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#တနင်္သာရီမြို့နယ် #တိုက်ပွဲ #ဒရုန်း #ဗုံးသီးချ #ရဲဘော်ကျဆုံး #Ayeyarwaddy_Times
#မြိုင် #ကျေးရွာတွေ #စစ်ကြောင်းထိုး #မီးရှို့နေ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။