နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မြိုင်)၊ မတ်လ ၉ ရက်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လဆန်းပိုင်းက စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းတာတွေပြုလုပ်လာတာကြောင့် ဒေသခံပြည်သူ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ချောင်းဇင်းကျေးရွာနဲ့ ရွာသစ်ရွာတွေကို မတ်လ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးပြီး ဝင်ရောက် စီးနင်းမီးရှို့တာတွေကြောင့် ဒေသခံ ၁ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မနက် ၅ နာရီလောက်ကစပြီး မီးရှို့နေတာ၊ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေရောက်လာတော့ စစ်ကြောင်းက မရှိတော့ဘူး ရွာထဲက အိမ်တွေက မီးလောင်တုန်း၊ ကျွန်တော်တို့နဲ့ PDF တွေပေါင်းပြီး မီးငြိမ်းခဲ့တာ”လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေကတော့ တစ်ရွာဝင် တစ်ရွာထွက် ဆိုသလို ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လိုက်လံမီးရှို့ဖျက်စီးတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေကို နောက်ကလိုက်လံပြီး မီးငြိမ်းသတ်တာတွေပြုလုပ်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မြိုင် #ကျေးရွာတွေ #စစ်ကြောင်းထိုး #မီးရှို့နေ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…