ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့သည် ယနေ့ ဇူလိုင် ၉ ရက်မှ စတင်ကာ မဟာမိတ်အဖြစ်ပူးပေါင်းလိုက်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များက ထုတ်ပြန်ကြေညာသည်။

အဆိုပါ ပူးပေါင်းလိုက်သည့် တပ်ဖွဲ့များမှာ မိုးကုတ်၏အနီရောင်ဝံပုလွေများတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းတပ်ဖွဲ့၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စဥ့်ကူးတပ်ဖွဲ့၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်ဦးလွင်တပ်ဖွဲ့ တို့ဖြစ်ကြသည်။

ထို့ပြင် အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ပူးပေါင်းကာ မဟာမိတ်များအဖြစ် သစ္စာရှိရှိ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၎င်း တပ်ဖွဲ့ဝင် ၄ ဖွဲ့ ရဲဘော်များက ကတိပြုသည် ဟု ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။