ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

ဇွန်လ ၃၀ ရက်က တက်ခ်ပြည်နယ် ဖော့ဖရားခရိုင်အတွင်း မြန်မာစစ်တပ်၏ MiG-29 ဂျက်တိုက်လေ ယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်ပြီးနောက် အိမ်နီးချင်း မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခကြောင့် မည်သည့် အကျိုးသက်ရောက်မှုမရှိစေဖို့ အစိုးရက ထိုင်း-မြန်မာနယ်စပ်ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဥဒုံသာနီမှ Pheu Thai ပါတီ အမတ် ဆာရာဝပ်က တိုင်းရင်းသား ကရင်လူမျိုးတွေကို ပစ်ခတ်ဖို့ မြန်မာ တပ်ဖွဲ့တွေ ထိုင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ခြင်း ရှိ မရှိ ယမန်နေ့ လွှတ်တော်တွင်းမှာ ဝန်ကြီးချုပ်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအမှတ် ၃ စစ်ဒေသနှင့် မြန်မာစစ်တပ်ကြား မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးရဲ့ အသေး စိတ်ဆွေးနွေးမှု အခြေအနေကိုလည်း ၄င်းက မေးမြန်းခဲ့ပါသေးတယ်။

ကျူးကျော်မှုတွေ ထပ်မံမဖြစ်စေဖို့ တော်ဝင်ထိုင်းလေတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ကင်းလှည့်စောင့် ကြပ်ဖို့ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်ကိုယ်စား ကာကွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ချိုင်ချန်းချန်မွန်ကူက ဖြေကြားခဲ့ပါတယ်။

ဝန်ကြီးဌာနက မြန်မာအာဏာပိုင်တွေထံ ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့ပြီး ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လျော်ကြေးငွေ တောင်းခံထားတယ်လို့ သိရပါ တယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာဌာနက ထိုကိစ္စကိုဆွေးနွေဖို့ မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။

နယ်စပ်တစ်လျောက်ရှိ ကရင်စစ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ မြန်မာစစ်တပ်က စစ်ကြောင်းလေးကြောင်း စေလွှတ်ထားတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; RTAF beefs up border security, adds jets