နောင်ရိုး/ဧရာဝတီတိုင်းမ်
ဒီးမော့ဆို၊ ဇူလိုင်လ ၉ ရက်

ကရင်နီ(ကယား)ပြည်နယ်ံ၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်ကျေးရွာများရှိ ကလေးငယ်များအတွက် ကာကွယ်ဆေးများလိုအပ်နေတယ်လို့ စစ်​ဘေး​ရှောင်ပြ​ည်သူများကို ကူညီပေးနေသူများထံမှ သိရပါတယ်။

ယခုကျရောက်နေတဲ့ မိုးတွင်းကာလမှာ စစ်ဘေးရှောင်ကလေးငယ်အများစု ဝမ်းပျက်၊ ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အာဟာရချို့တဲ့မှုနှင့် ရာသီတုပ်ကွေး အဖြစ်များနေတယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။

” ခုလက်ရှိက ကလေးငယ်တွေ ရာသီတုတ်ကွေးအဖြစ်များနေတယ်။ ဝမ်းလျှော၊ နှာစေး၊ ချောင်းဆိုး၊ အာဟာရချို့တဲ့မှုတွေလည်း ဖြစ်နေတယ်။ အဓိကလိုအပ်တာကာတော့ ကလေးငယ်တွေအတွက် ကာကွယ်ဆေးပေါ့။ လသားအရွယ်မှာကတည်းကထိုးရတဲ့ ကာကွယ်ဆေးအလုံအလောက်မရှိလို့ မထိုးရသေးတဲ့သူတွေ​ေတောင်ရှိတယ်” လို့ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေက်ု ခါနာန်ဆေးရုံမှ မှ ဦး​ဆောင်ကာ အပတ်စဥ် ရွေ့လျားစနစ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက်ရှိတယ်လို့ ခါနာန်ဆေးရုံ တာဝန်ခံထံမှ သိရပါတယ်။

” ခါနာန်ဆေးရုံက ဆရာဝန်က ဦး ယဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနည်းပါးတဲ့ ကျေးရွာတွေ စစ်ဘေးရှောင်စခန်းများတွေကို တစ်ပတ်လျှင်(၂)ရက်၊ Mobile စနစ်နဲ့ သွားရောက်ကုသပေးနေတာရှိပါတယ်။ နောက်ပြီးတော့ ခါနာန် ဆေးရုံမှာလည်း ပြည်သူတွေကို အခမဲ့နေ့စဥ်ဆေးကုသပေးနေရပြီး ဆေးဝါးအခက်အခဲကြုံ နေရပါတယ်” လို့ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနဲ့ ဒေသခံပြည်သူများအတွက် ဆက်လက် ကျန်းမာရေးစောင်ရှောက်မှု ပေးနိုင်ရေးအတွက် ဆေးဝါးများ လိုအပ်လျှက်ရှိနေပြီး ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များအနေနဲ့ ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ ခါနာန်ဆေးရုံ တာဝန်ခံမှ မေတ္တာရပ်ခံထားပါတယ်။

ဓာတ်ပုံ – ပေးပို့