နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဧရာဝတီ)/မတ်လ ၉ ရက်
ဧရာဝတီတိုင်း၊ မဲဇလီကုန်းမြို့နယ် အထက်တန်းကျောင်းတွင် လုံခြုံရေး တာဝန်ယူနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပျူစောထီးများ ပြန်ထွက်လာစဥ် စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ယမန်နေ့ မတ်လ ၈ ရက်နေ့ နေလယ်ပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“စာသင်ကျောင်းထဲကနေ ထွက်လာတဲ့ ရဲနဲ့ ပျူတွေကို ကျွန်တော်တို့ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့က လမ်းကနေမိုင်းထောင်ပြီးခွဲခဲ့တာပါ။ ဆိုင်ကယ် ငါးစီးတော့ မြောင်းထဲထိုးကျသွားတာတွေ့ရတယ်။ ထိခိုက်မှုရှိတယ်” ဟု စွန်ရဲနီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်စစ်ကြောင်းအား အဂ်ပူမြို့နယ်၊ နက်မတီး တောင်ကြောပေါ်တွင် စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိတစ်ဦးအပါဝင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
#ဧရာ၀တီတိုင်း #မယ်ဇလီကုန်းမြို့နယ် #မိုင်းဆွဲတိုက်ခိုက် #၅ဦးဒဏ်ရာရ #စွန်ရဲနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times