ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်
အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အာဖဂန်ဝန်ကြီးနှစ်ဉီးနဲ့ စစ် ကောင်စီ ပြည်ထဲရေးဒုတိယဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်ကိုးဉီးနဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို ဉရောပသမဂ္ဂက အ မည်ပျက်စာရင်းသွင်းလိုက်တယ်လို့ သိရပါတယ်။
“ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန် မှုမှာ ပါဝင်တာကြောင့် လူပုဂ္ဂိုလ်ကိုးဉီးနဲ့ စီးပွားရေးလုပ်ငန်းသုံးခုအပေါ် ဒဏ်ခတ်အရေးယူဖို့ ဆုံးဖြတ်လိုက်ပါ တယ်” လို့ ဉရောပသမဂ္ဂက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဉရောပသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်သူတွေထဲမှာ တာလီဘန် ပညာရေးဝန်ကြီး မိုဟာမက်နာဒင်း၊ တာလီဘန် သာသနာရေးဝန်ကြီး ရှိတ်ခ်မူဟမ်မက်ခါလစ်နဲ့ စစ်ကောင်စီ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ လည်း ပါဝင်ပါတယ်။
ဒါ့အပြင် မော်စကိုရဲတပ်ဖွဲ့မှ ဒုတိယအကြီးအကဲနှစ်ဉီး၊ တောင်ဆူဒန်တပ်မှူးနှစ်ဉီး၊ အီရန်အကျဉ်းဉီးစီးဌာ န၊ ဆီးရီးယားအစောင့်တပ်ဖွဲ့နဲ့ မြန်မာစစ်ဘက်ရေးရာရုံး အကြီးအကဲတို့လည်း ဉရောပသမဂ္ဂရဲ့ အမည်ပျက်စာ ရင်းမှာ ပါဝင်ပါတယ်။
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မတိုင်မီ ဉရောပသမဂ္ဂရဲ့ လိင်အခြေခံ အကြမ်းဖက်မှုတိုက်ဖျက် တာ တန်ပြန်ဖို့ အခုလို အရေးယူတာဖြစ်ပါတယ်” လို့ ဉရောပသမဂ္ဂ မူဝါဒရေးရာအကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ် က ပြောပါတယ်။
အခုလို ပြစ်မှုကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို အရေးယူတဲ့ဆုံးဖြတ်ချက်က ဉရောပ သမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်တဲ့အစိုးရတွေအပေါ် ဒဏ်ခတ်တဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါ တယ်။
ကိုးကား – Anadolu
Ref; EU sanctions perpetrators of sexual violence on eve of International Women’s Day