ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်

ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်မှာ မတ်လ ၇ ရက်နေ့ ညပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ကြံခင်းမြိုနယ်ရှိ စကြ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီက “မြစ်မင်းဧရာသက်သေတည်တော်လှန်စစ်ကိုအရှိန်မြှင့်မည်” စာတန်းကိုကိုင်ဆောင်ကာ ကြံခင်းမြို့နယ်တစ်နေရာမှာပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တို့ စကြဝတေးမင်းကြီး သပိတ်အဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုမတ်လမှာဆက်တိုက်ပြုလုပ်နေတာပါ ခုလဲ ညသပိတ်ပုံစံနဲ့ဆန္ဒဖော်ထုတ်ခဲ့တာ”လို့စကြဝတေး မင်းကြီး သပိတ်ဦးဆောင်ကော်မတီ၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧရာ၀တီတိုင်းမှာ ကြံခင်းမြို့နယ်တစ်ခုထဲမှာပဲ စကြ၀တေးမင်းကြီး သပိတ်ဦးဆောင်ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကိုပြုလုပ်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ရဲတွေက ကျေးရွာများအတွင်း လိုက်လံစုံစမ်းမှုများပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

စကြာ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီဟာ ကြံခင်းမြို့နယ်အတွင်းမှာ ဇန်နဝါရီလကနေ စတင်ပြီး မတ်လ ၈ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို​(၁၃)ကြိမ် ဆက်တိုက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။

#ကြံခင်း #ဆန္ဒပြ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…